ပြိုပျက်သွားသောအိပ်မက်တစ်ခု၏နိဂုံး(၁) (Unicode)

379 53 1
                                    

ကျွန်မညနေဘက်သင်တန်းကနေပြန်လာတော့သူ့တိုက်ခန်းကိုလမ်းကြုံနေတယ်..။ခေါင်းထဲဖျတ်ခနဲပေါ်လာတဲ့အတွေးလေးကိုကျွန်မချက်ချင်းအကောင်အထည်ဖော်လိုက်တယ်။ကြီးကြီးကျယ်ကျယ်Surpriseတို့ဘာတို့ထင်သွားသလား?hee မဟုတ်ဘူးရယ်။မုန့်တစ်ခုခုဝယ်ပြီးသူ့အိမ်မှာသွားစားဖို့ပါကျွန်မသိပ်ပြီးထွေထွေထူးထူးစဉ်းစားမနေတော့ဘဲသူကြိုက်တဲ့ကွေ့တီယိုသုပ်ဘဲဝယ်လိုက်တယ်ပြီးတော့သူအိမ်ကိုကျွန်မဦးတည်ခဲ့တယ်ကျွန်မလာမယ်လို့သူ့ကိုဖုန်းကြိုမဆက်ခဲ့မိဘူး.အဲ့တာကနောက်တစ်ချိန်မှာကျွနိမကိုနောင်တရစေမယ်မှန်းသိရင် ကျွန်မသူ့ဆီဖုန်းမဆက်ဘဲသွားခဲ့မှာမဟုတ်လောက်ဘူး။ကျွန်မလူခေါ်ဘဲလ်ကိုလက်ညိုးလေးနဲ့ဖိနှိပ်လိုက်ပြီးဝယ်လာတဲ့ကွေ့တီယိုထုပ်လေးနှစ်ထုပ်ကိုကိုင်ထားရင်းကျွန်မတံခါးရှေ့မှာရပ်စောင့်နေခဲ့တယ်။တော်တော်နဲ့တံခါးလာမဖွင့်ဘူး။အဲ့ကောင်ဘာလုပ်နေတာလဲလို့ ကျွန်မတွေးလိုက်စဉ်မှာဘဲအတွင်းသစ်သားတံခါးပွင့်သွားလို့ကျွန်မကြည့်လိုက်တော့လူတစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်။တိတိကျကျပြောရရင်ယောကျင်္ားပျိုတစ်ယောက်ပါ။ကျွန်မထက်တော်တော်လေးကိုအရပ်မြင့်တာမို့ ကျွန်မအဲ့လူကိုမော့ကြည့်ရပါတယ်။ကျွန်မထက်အသက်ကြီးတဲ့ပုံလည်းပေါ်ပါတယ်။ပြီးတော့ကြည့်ကောင်းတဲ့မျက်နှာပေါက်မျိုးပါ။ကျွန်မအဲ့လူကိုတွေ့တော့ရုတ်တရက်ကြောင်သွားသလိုအဲ့လူဘက်ကလည်းကျွန်မကိုဘာစကားမှမစသေးဘဲအကဲခတ်သလိုကြည့်နေပါတယ်..။ကျွန်မနဲ့အဲ့လူကြားမှာသံဗန်းတံခါးတစ်ခုဘဲခြားတယ်။

"ဟို...........ရှိလား?"

ကျွန်မသူ့နာမည်ကိုအဲ့လူရှေ့မှာမေးဖို့ကိုဘဲဘာလို့လဲမသိဘူး..။ကျွန်မတော်တော်အားယူလိုက်ရတယ်အဲ့အချိန်မှာကျွန်မဟာ ကျွန်မ မသိတဲ့တစ်စုံတစ်ရာကိုထိတ်လန့်နေသလိုခံစားရတယ်။မကောင်းတဲ့အရာတစ်ခုဖြစ်လာမှာကိုကြိုသိသလိုလန့်နေတာမျိုးပါ။ကျွန်မရှေ့ကလူကဘာမှပြန်မဖြေသေးခင်မှာဘဲသူထွက်လာခဲ့တယ်..။ကျွန်မကိုမြင်တာနဲ့သူ့မျက်နှာကချက်ချင်းကြီးပျက်ယွင်းသွားလိုက်တာ။သူ့ချစ်သူကောင်မလေး သူ့အိမ်ကိုရောက်လာတာဘာများထိတ်လန့်စရာပါလို့လဲ?

ပြိုပျက်သွားသောအိပ်မက်တစ်ခု၏အက်ကြောင်းWhere stories live. Discover now