ရှင်ကျွန်မကို မှတ်မိမလားမသိဘူး?
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က အင်း..အတိအကျပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ ခုနှစ်လလောက်ကပေါ့..
အဲ့လောက်က အိမ်ထဲတောင်မဝင်နိုင်ဘဲ တံခါးဝအရှေ့ကနေ ဖရိုဖရဲနဲ့ ပြေးထွက်သွားခဲ့တဲ့ကောင်မလေးပါထားလိုက်ပါတော့..ရှင်ကျွန်မကိုမှတ်မိချင်မှမှတ်မိမှာ..
လူဆိုတာ ကိုယ်ခံစားလိုက်ရတာကိုဘဲအမြဲအမှတ်ရတတ်တာမျိုးလေ
ကိုယ်ဘာအမှားလုပ်မိခဲ့တာကိုတော့ သတိမှမမူမိကြဘဲ..အဲ့လိုပြောလိုက်လို့ ရှင်အသည်းအသန်ပြန်စဉ်းစားနေပြီထင်တယ်
အမှားတစ်ခုရယ်လို့လည်း မဟုတ်ပါဘူး
လှလှပပဘဲ ခေါင်းစဉ်တပ်ရအောင်ပါ
ချစ်ခြင်းတရားကို နောက်ကျမှတွေ့တယ်ဘဲဆိုကြပါစို့
ရှင်ချစ်တဲ့အရာဝတ္ထုလေးမှာ ပိုင်ရှင်ရှိတယ်
ဒါပေမယ့် ရှင်လိုချင်လို့ ရှင်ရအောင်ယူတယ်
ဒီလောက်လေးပါဘဲ
လိုချင်လို့ ယူမိတာဘဲလေနော်
ဒါအပြစ်မဟုတ်ဘူးလို့ ပြောပေးလို့ရပါတယ်ကျွန်မ ရှင့်ကိုပြောချင်တာတွေအများကြီးရှိနေတယ်
ပထမဆုံးပြောချင်တာက Congratulationsပါ
ရင်ထဲက လိုက်လိုက်လှဲလှဲနဲ့ဂုဏ်ပြုပါတယ်
ရှင်တို့ရဲ့ချစ်သူသက်တမ်းက သုံးနှစ်တောင်ပြည့်တော့မှာဘဲ
ဒီနေ့ ဒီအချိန်ထိ သူ့ရဲ့လက်ကိုဆုပ်ကိုင်ထားနိုင်တဲ့အတွက်
ဂုဏ်ယူပါတယ်နောက်ထပ်ပြောချင်တာက
ကျွန်မမှာချင်စရာလေးတွေရှိနေလို့ပါချစ်သူသက်တမ်း သုံးနှစ်နီးပါးရှိပြီဖြစ်တဲ့ သူ့ရဲ့ချစ်သူတစ်ယောက်အနေနဲ့ ရှင်သိတန်သလောက်သိပြီးသားတွေဖြစ်မယ်လို့ထင်ပါတယ်
ဒါပေမယ့်
ရှင်သိပြီးနေရင်တောင် ခဏလေးသည်းခံပြီးနားထောင်ပေးပါ
ဒါမှ ကျွန်မစိတ်ချနိုင်မှာလေ...သူကအစပ်လုံးဝမစားနိုင်ဘူး..
ရှင်လည်းဘဲယောင်္ကျားလေးတစ်ယောက်မို့
အစပ်ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်
ဒါပေမယ့် ရှင်အစပ်ကြိုက်ခဲ့ရင်လည်းသူ့ကိုအစပ်မကျွေးပါနဲ့
မျက်ရည်လည်ရွှဲနဲ့သူငိုမယ့်အပြင် အစပ်စားပြီးရင်
ညဘက်ကျဗိုက်အောင့်တတ်တယ်
ကျွန်မ အစပ်စားတိုင်းသူဗိုက်အောင့်တာ သိသွားကတည်းက ထပ်မကျွေးရဲတော့ဘူး
အဲ့တစ်ခုသတိထားပေးပါ..