Chapter //3//

1.3K 108 7
                                    

💘When Cupid's Arrow Hits You💘
Chapter /3/

Beam's P.O.V

ဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့...အိပ်ရာထနောက်ကျလို့ရတယ်လေ..ကျတော်လည်းဘာမှလုပ်စရာမရှိဘူးလေ...

ဘာလို့ငါ့နှလုံးသားကတဒုန်းဒုန်းနဲ့ခုံနေရတာလဲ??အဲ့လောက်ဖြစ်အောင်....မနေ့ညကလည်းအများကြီးမသောက်ခဲ့ပါဘူး...

အဲ့ချိန်ကျတော်လည်း...အိပ်ရာဘေးကခုံပေါ်မှာတင်ထားတဲ့ကျတော့်ဖုန်းကိုကြည့်လိုက်တယ်...

အချိန်ကနေ့လည်၁၂နာရီတောင်ကျော်နေပြီပဲ...ကျတော်လည်းကြည့်ပြီးဖုန်းပြန်ထားလိုက်တယ်...ပြီးတော့ကျတော်ခေါင်းမူးနေသလိုဖြစ်နေတော့....ခေါင်းကိုကျတော်နှိပ်နယ်ပေးလိုက်တယ်...

"Beam?....Beamထတော့....နေ့လည်စာပြင်လို့မပြီးခင်ရေချိုးတော့...."ကျတော့်အမေအပြင်ကနေလှမ်းပြောလိုက်တယ်...

"ဟုတ်....အမေ"ကျတော်ပြန်ဖြေလိုက်တယ်...

ပြီးတော့ကျတော်နှမိနစ်လောက်ခနငြိမ်နေလိုက်တယ်...နောက်ဆုံးတော့ကျတော်အိပ်ရာကနေထပြီး..ရေချိုးခန်းထဲသွားလိုက်တယ်....

ရေအေးအေးလေးနဲ့ရေချိုးပြီးတော့ကျတော်လန်းဆန်းသွားတယ်....ပြီးတော့ကျတော်အဝတ်စားလဲပီး...အိမ်အောက်ထပ်ဆင်းလာခဲ့တယ်...နေ့လည်စာပြင်လို့မပြီးခင်TVကြည့်မလို့လေ....

ခနကြာတော့ နေ့လည်စာလဲအသင့်ဖြစ်နေပြီလေ....

*****Time skip*****

ညနေရောက်တော့...ကျတော်ရပ်ကွက်ထဲကိုလေညင်းခံထွက်လာခဲ့တယ်...

ကျတော်ကျတော့်အောက်ကမီးခိုးရောင်မြေပြင်ကြီးကိုကြည့်လိုက်တယ်...ဒီလမ်းကကားသွားလာနည်းတယ်လေ...အဲ့တော့သိပ်စိုးရိမ်စရာမရှိပါဘူး...

ပန်းခြံထဲမှာကလေးအတွဲလေးတွေတယောက်နဲ့တယောက်ကျီစယ်ရင်း...ဆော့ကစားနေကြတာကိုကျတော်သတိထားလိုက်မိတယ်...ဘာလို့ဆိုသူတို့လေးတွေကိုမြင်ရင်တာ...ကျတော်နဲ့Forthငယ်ငယ်တုန်းကအတူကစားခဲ့တဲ့အမှတ်တရတွေကိုပြန်သတိရစေတယ်....

ကျတော်မှတ်မိသေးတယ်...ကျတော်တို့နောက်ဖေးမှာကစားနေတုန်း...Forthကရေကန်ထဲမှာရေနစ်သလိုဟန်ဆောင်တာကို...အဲ့ဒါနဲ့ကျတော်လည်း...သူ့ကိုကြည့်ပြီးဘာမှမကူညီနိုင်ပဲ...မေမေတို့ကိုအော်ငိုပြီးခေါ်နေတာလေ...

💘When Cupid's Arrow Hits You💘(Completed)Where stories live. Discover now