Chapter//16//

1.3K 65 4
                                    

Beam's P.O.V

ဘယ်တုန်းကမှ ကျတော်တို့အတူရှိကြလိမ့်မာ်လို့မထင်ထားမိဘူး...... ကျတော့်အိမ်မက်တွေတကယ်ဖြစ်လာသလိုပဲ....

"Beamစောင့်အုံး....ဘာလို့ဘာမှမပြောပဲထွက်သွားတာလဲ?အစားစားတွေလည်းကုန်အောင်မစားဘူး" Forthကျတော့်နောက်လိုက်ပီးပြောတယ်....

ကျတော် သူ့ဘက်လှည့်ပီးပြောလိုက်တယ်...

"မင်း အဲ့စားပွဲထိုးမနဲ့ မရောမရည်လုပ်နေတာ မင်းကငါ့ကိုမြင်စေချင်နေတာလား....ဘာလို့ငါ့နောက်လိုက်လာတာလဲ သွားလေ အဲ့ဟာမနဲ့သွားနေချေ"ကျတော် သူ့ကိုအော်ပြောလိုက်တယ်

"ငါဘာမှမလုပ်ပါဘူး Beam....သူမဘာသာလာတာလေ မင်းလွန်လွန်ကဲကဲတွေမဖြစ်ပါနဲ့"

"အခုငါက လွန်လွန်ကဲကဲအပိုတွေလုပ်နေတယ်ပေါ့  .... ကောင်းတယ် ငါကအပိုတွေလုပ်နေတာ.... သူပြောတော့ မင်းတို့နှယောက်ကသိတယ်တဲ့" ကျတော်ပြန်အော်ပြောလိုက်တယ်...

"အချစ်ဆုံးလေး Beam,ကိုယ်သူ့ကိုမသိပါဘူး သူ့ကြည့်ရတာတယောက်ယောက်နဲ့ကိုယ့်ကိုမှားနေတာဖြစ်မှာပါ...."

"ဘာပဲဖြစ်ဖြစ်" ကျတော်ပြောပြီး မြန်မြန်လျှောက်သွားလိုက်တယ်....

"Beam...Beam...sorry na....အဲ့လိုမလုပ်ပါနဲ့ Beam"သူကျတော့်နောက်ကလိုက်တောင်းပန်နေတယ်.....

ကျတော်အနောက်ကိုလှည့်မကြည့်ဘူး....

_______________
"ကျတော်ပြန်ရောက်ပြီ"

"Beam မနက်ဖြန် အဖေနဲ့အမေ အဘွားတို့အိမ်သွားမလို့ မင်းလိုက်မှာလား?" အမေ ကျတော့်ကိုမြင်မြင်ချင်း မေးလိုက်တယ်.....

ရုတ်တရက် Firthကကျတော့်အတွေးထဲဝင်လာတယ်....

"အမ်.....ကျတော်လိုက်ချင်ပါတယ် မေမေ ဒါမဲ့စာမေးပွဲကနီးလာပြီ အာ့ကြောင့်ကျတော်စာလုပ်ဖို့နေခဲ့လိုက်မယ်" ကျတော်တကယ်မလိမ်ချင်ပါဘူး ဒါမဲ့ Forthနဲ့တနေကုန်အတူရှိနေရမယ့်အခွင့်ရေးကို မဆုံးရံှုးချင်ဘူး.....

"Ok....ဒါဆိုမေမေတို့သွားရင် အိမ်ကိုသေချာဂရုစိုက်လိုက်အုံးနော်..."

"ဟုတ်ကဲ့ပါ မေမေ"

___________________
"အချိန်က ည၁၀ခွဲကျော်နေပြီ....  ကျတော်Forthဆီကဖုန်းခေါ်ထားတာတွေ စာပို့ထားတာတွေကို မကြည့်ပဲနေမယ်"

💘When Cupid's Arrow Hits You💘(Completed)Where stories live. Discover now