Chapter//11//

703 57 4
                                    

Chapter 11

Beam's P.O.V

*knock*knock*knock(တံခါးခေါက်သံ)

"Oi Beam...Beam...Beam...BEAM!!!!!"

*knock*knock*

ဟာ....စိတ်ရှုပ်စရာပဲ....
ကျတော် အိပ်ယာကနေထပြီး အဲ့အကောင်ကိုတံခါးဖွင့်ပေးလိုက်တယ်....

"Beam အကျႌမြန်မြန်ဝတ် ငါတို့တနေရာသွားကြမယ်"Kitတံခါးဖွင့်ဖွင့်ချင်းပြောလိုက်တယ်....

ကျတော်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့အပြင်မှာတော်တော်မှောင်နေပြီ

"ဘာလို့လဲ? ငါမသွားချင်ပါဘူး အပြင်မှာမှောင်နေပြီ" ကျတော် ပြောလိုက်တယ်

"Beamမင်းကကလေးမှမဟုတ်ပဲ ဒီလောက်အိပ်ရရင်တော်ပြီလို့ငါထင်တယ်... လာပါ အချစ်ဆုံးရယ်အဝတ်စားမြန်မြန်ဝတ်တော့နော် Phaအိမ်အောက်မှာအန်တီနဲ့စကားပြောရင်းစောင့်နေတယ်"

"Phaရောဒီမှာလား?"

"အင်း"
"အခုချက်ချင်းအဝတ်လဲတော့! မင်းဘာသာဂတ်မလား ငါဝတ်ပေးရမလားBeam!"

"အိုကေ ငါးမိနစ်ပဲစောင့်"
ကျတော်ပြောရင်း အဝတ်ဗီဒိုဆီသွားလိုက်တယ်

______________________
"ဘာလို့ငါတို့ဒီလာတာလဲ?" ကျတော် Phaကားရှေ့ကနေရပ်ပီး ရှေ့မှာရှိတဲ့အရမ်းလှပတဲ့စားသောက်ဆိုင်ကို ကြည့်ပြီးမေးလိုက်တယ်

"Kit?" ဘယ်သူမှမဖြေတော့ ကျတော်သူ့ကိုကြည့်လိုက်တယ်

"ငါ့ကိုမမေးနဲ့ ငါလဲမသိဘူး"Kitသူ့လက်ကိုခါပြတယ်...
အဲ့အချိန်ကျတော်Phaကိုကြည့်လိုက်တယ် ကြည့်ရတာတခုခုပြောဖို့စောင့်နေပုံပဲ....

"ဘာလဲ?လာပါ ငါတို့အထဲဝင်ကြရအောင်ချစ်ဆုံးလေးတွေ" သူပြောရင်း စားသောက်ဆိုင်တံခါးကိုတွန်းပီး အထဲဝင်ဖို့လုပ်လိုက်တယ်...

ကျတော် သူ့ကိုတားလိုက်တယ်....

"အရင်ဆုံး ငါတို့ဘာအကြောင်းမှမရှိပဲ ဘာလို့ဒီရောက်နေတာလဲ ငါ့ကိုပြောအုံး" ကျတော်မေးလိုက်တယ်

"တကယ်တော့ ဒီမှာအကြောင်းရှိချင်ရှိမှာပေါ့" သူပြောပီးအထဲဝင်သွားတယ်
Kitလည်း သူ့နောက်ကလိုက်ဝင်သွားတယ်

💘When Cupid's Arrow Hits You💘(Completed)Where stories live. Discover now