Chapter//6//

572 35 0
                                    

Beam's P.O.V

"Beam,မြန်မြန်လုပ်"Kitပြောတယ်...

"ငါပင်ပန်းနေပြီKit, ငါ့ကိုဖြေးဖြေးပဲလုပ်ခွင့်ပေးကါဟ" ကျတော်ပြန်ပြောတယ်...

"မင်းမြန်မြန်မလုပ်နိုင်ရင် ငါထွက်သွားမှာနော်" Kitစိတ်တိုတိုနဲ့ထပ်ပြောတယ်...

"ငါကဘာလို့ မင်းနဲ့Mingကြားမှာဒါတွေလုပ်နေရတာလဲ ငါမင်းတို့နှယောက်ကြောင့် ဒုက္ခခံနေရတယ် ဘာလို့လဲ..... ငါ့ကိုမင်းနဲ့နေရာတိုင်းဆွဲခေါ်သွားနေတာလဲ?" စားပွဲပေါ်မှာရှိတဲ့ ကျတော့်ရဲ့assignment စာရွက်တွေသိမ်းရင် စိတ်ရှုပ်စွာပြောလိုက်တယ်....

"ဘာလို့ဆိုတော့ မင်းကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းမို့လို့လေ" Kitဒါမျိုးကျတတ်တယ်....

ကျတော့်မျက်လုံးတွေလှည့်ပြလိုက်တယ်

"အခုငါတို့ဒီမှာကြာကြာနေလို့မရတော့ဘူး သူမိနစ်ပိုင်းတွင်းဒီကိုလာတော့မှာ"

ဒီမနက်ခင်းကတည်းက Mingကသူ့နောက်ကိုတောက်လျောက်လိုက်နေတယ်ဆိုတာ Kitပြောပြထားတယ်...သူတနေရာထဲမှာအကြာကြီးမနေနိုင်တော့ဘူး ဘာလို့ဆို Mingကနေရာတိုင်းကိုလိုက်နေတော့တာ...အဲ့ဒါကြောင့် သူကကျတော့်ကိုသူသွားတဲ့နေရာတိုင်းဆွဲခေါ်သွားနေတာ...ကျတော်ပြောချင်တာ ကျတော် သူ့ကြောင့်အေးအေးဆေးဆေးကိုမနေရဘူး....

"ငါတို့အခုဘယ်ကိုသွားနေတာလဲ" ကျတော် ပင်ပန်းစွာမေးလိုက်တယ်

"အပြင်မှာသွားစားမလို့"

"ငါအခုထိနားမလည်တော့ဘူး?မင်းဘာလို့ Mingဆီကနေထွက်ပြေးနေတာလဲ?ငါပြောချင်တာက ဒါကမင်းလိုချင်နေတာပဲမဟုတ်လား?Ming kwanရဲ့အာရုံစိုက်မှု...မင်းတကယ်တော့ ကျေနပ်နေတယ်မဟုတ်လား?"ကျတော်မေးလိုက်တယ်

"ဘာပြောတယ်?မင်းဘာလို့ငါ့ကိုအမြဲတမ်း အဓိပ္ပါယ်မရှိတဲ့အကြောင်းတွေပဲပြောနေတာလဲ?" Kit ဒေါသထွက်နေတဲ့ရုပ်ကြီးနဲ့မေးတယ်..

"အော်....အော်...အခုတော့ငြင်းချင်သလောက်ငြင်းပေါ့ကွာ"

"Kraaap!" Kit ပမူအရာနဲ့သရုပ်ဆောင်ပြပီး သူ့ကားဆီသွားတယ်...

ကျတော်လည်း ကျတော့်ကားဆီဦးတည်သွားချိန် ရုတ်တရက် တစုံတယောက်ကျတော့်ကိုဝင်တိုမိသွားတယ်...

💘When Cupid's Arrow Hits You💘(Completed)Where stories live. Discover now