Chapter//14//

579 40 0
                                    

Forth's P.O.V

"မင်းငါ့ကိုစိတ်ကသိကတောက်ဖြစ်အောင်လုပ်နေတာလား မင်းဘာလို့ဒီလိုလုပ်နေတာလဲ? အေ့ ဟုတ်တယ် ငါမင်းကိုကြိုက်တယ် ကညမင်းကိုဝန်ခံတယ် အဲ့တော့ဘာဖြစ်လဲ? မင်းလည်းငါ့ကိုမကြိုက်ဘူးမလား ဒါမဲ့စိတ်မပူပါနဲ့ ငါမင်းကိုဆက်မချစ်မိအောင်ကြိုးစားနေတယ် မင်းဆီကနေလွတ်မြောက်အောင်..." သူကျတော့်ကိုအော်ပြောတယ်...

ကျတော်အလိုလိုပြုံးမိသွားတယ်....

ကျတော်မရယ်မိအောင်ကြိုးစားပေမယ့် ပျော်ရွှင်မှုတွေကိုမဖုံးကွယ်နိုင်ဘူး....

"မယုံကြည်နိုင်စရာပဲ" သူသူ့ရင်ဘတ်ကိုဖိပြီး ရွဲ့သလိုပြောလိုက်တယ်....

သူထင်နေတာက ကျတော် သူ့ခံစားချက်တွေကိုလှောင်နေတယ်လို့ထင်နေပုံပဲ....

သူထွက်သွားဖို့လှည့်နေတုန်း ကျတော် သူ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်....သူနဲ့ကျတော် မျက်နှာချင်းဆိုင်ဖြစ်သွားတယ်....

ကျတော်သူ့ကိုဖက်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်....
"မလုပ်နဲ့"
"ငါ့ဆီကထွက်သွားမယ်ဆိုတာကို ကျေးဇူးပြုပြီး မလုပ်ပါနဲ့"

ကျတော့်အပြုအမူကြောင့် သူအရမ်းအံ့ဩသွားပုံပဲ.....
ကျတော်ဖက်ထားတာကိုခွာပြီး သူ့ကိုစိုက်ကြည့်လိုက်တယ်....

သူဘာမှမပြောနိုင်အောင်ကို တကယ်အံ့ဩသွားတာ.....

ကျတော် သူ့ကိုနမ်းလိုက်တယ်....
သူကျတော့်ကိုဖယ်ထုတ်ပြီး ကျတော့်ပါးကိုရိုက်လိုက်တယ်....

သေစမ်း....သူရိုက်တာစောက်ရမ်းနာတယ်...
ကျတော့်ပါးကသွေးတွေပူလာတာကိုခံစားမိတယ်....

ကျတော် ပူနေတဲ့ကျတော့်ပါးကိုပွတ်ရင်း သူ့ကိုကြည့်လိုက်တယ်....

သူ့မျက်လုံးမှာ မျက်ရည်တွေတွေ့တော့ ကျတော်အံ့ဩသွားတယ်....

"မင်းဘာလိုချင်တာလဲ? မင်းငါ့ကိုအရူးလို့ထင်နေတာလား ဒါမှမဟုတ် ရူးအောင်လုပ်နေတာလား?" သူမျက်ရည်တွေအပြည့်နဲ့ ကျတော့်ကိုအော်တယ်....

"Beam စိတ်လျော့ပါ.....ငါလည်းမင်းကိုကြိုက်တယ်....မဟုတ်ဘူး ငါမင်းကိုချစ်နေတာ.." ကျတော် သူ့ကိုပြောလိုက်တယ်

💘When Cupid's Arrow Hits You💘(Completed)Where stories live. Discover now