Beam's P.O.V
ကျတော် Kitလာခေါ်တာကိုစောင့်နေတယ်.... ဒါမဲ့Forthရဲ့ကားက ကျတော့်ဆီလာနေတာတွေ့လိုက်တယ်.....
ဘာပဲဖြစ်ဖြစ် Forthကျတော့်ကိုမြင်ပြီး စကားလာမပြောခင် ကျတော်အိမ်ထဲအမြန်ရောက်ပါစေလို့ ကျတော်ဆုတောင်းခဲ့တယ်....
ဒါမဲ့ကျတော်နောက်ကျသွားတယ်.....Forthရဲ့ကား ကျတော့်ဘေးလာရပ်တယ် ပြီးတော့ကားပြတင်ူပေါက်မှန်ချလိုက်တယ်...ကျတော်သူ့ကိုတွေ့တယ်.....
"အို Beamဘာလို့ခုထိဒီမှာရှိနေတာလဲ?ပါတီမသွားဘူးလား" သူကျတော့်ကိုပြုံးပြီးမေးလိုက်တယ်....ဟုတ်သားကျတော်တို့ကအခုသူငယ်ချင်းတွေပြန်ဖြစ်သွားပြီလေ
ပြီးတော့ Melonလည်း သူနဲ့အတူရှိနေတယ်...
ကျတော့်စိတ်ထဲ အတွေးတွေကချက်ချင်းဝင်လာတယ်.....ကျတော်ခံနိုင်ရည်ရှိရမယ်လေ....
"Ohh"
"Hi Beam, နင်ငါတို့နဲ့လိုက်ချင်လိုက်ခဲ့လေ.... ဟုတ်တယ်မလား Forth?"
Melon ကျတော်နဲ့Forthကိုကြည့်ပြီးပြောလိုက်တယ်....."အွန်း ဟုတ်တယ်လေ မင်းငါတို့နဲ့လိုက်ခဲ့လို့ရတယ်..."Forthကျတော့်ကိုကြည့်ပြီးပြောတယ်.....
အဲ့ဒါကကျတော့်ကိုဘယ်လောက်ပဲနာကျင်ပါစေ ကျတော်ပြောရမယ် ကျတော်ကြားလူအဖြစ်မခံနိုင်ဘူး....ပြီးတော့ သူတို့အတူရှိနေတာကိုကျတော်အကြာကြီးကြည့်နေနိုင်မယ်မထင်ဘူး...
"အမ်...ရပါတယ် ကျေးဇူးပဲ.....ငါKitကိုပဲစောင့်လိုက်တော့မယ် မင်းတို့အရင်သွားနှင့်ကြပါ" ကျတော်သူတို့ကိုပြောလိုက်တယ်....
"အင်း ဒါဆိုလဲ ပါတီပွဲမှာတွေ့မယ်" သူပြောပြီး မှန်ချပီးထွက်သွားတယ်. ....
ရုတ်တရက်ကြီး ကျတော်ပါတီတောင်မသွားချင်သလိုပဲ.....ကျတော်အဲ့ကိုသွားရင် ကျတော်သဝန်တိုနေရမှာ သိနေရက်နဲ့ ဘာလို့သွားနေတော့မှာလဲ?
ကျတော်အိမ်ထဲပြနိဝင်ဖို့လုပ်တုန်း Kitကားရောက်လာတယ်...
"Beam..."သူလှမ်းအာ်လိုက်တယ်
"Kit....ငါမသွားချင်တော့ဘူး" ကျတော်ပြောလိုက်တယ်
သူမျက်လုံးပြူးပြပီး....
"ဘာလို့လဲ? ငါနာက်ကျနေလို့စိတ်ဆိုးနေတာလား?" သူမေးတယ်
YOU ARE READING
💘When Cupid's Arrow Hits You💘(Completed)
Teen FictionဒီFicလေးက မူရင်း author barry_bty ရဲ့ခွင့်ပြုချက်နဲ့ Translated ထားတာပါ ❤❤ မင်းတညလုံးသတိမေ့ပြီး...ပြန်သတိရလာတော့...မင်းခံစားချက်မရှိသင့်တဲ့သူတယောက်ဆီမှာ...မင်းရုတ်တရက်ခံစားချက်ရှိမိနေတယ်ဆိုတာ...မင်းကိုယ်တိုင်သိသွားတဲ့အချိန်...မင်းဘာလုပ်မှာလဲ??? ပြီး...