Chapter//10//

644 41 1
                                    

Beam's P.O.V

ညဘက်လမ်းပေါ်မှာတယောက်ထဲဘယ်လိုလဲကျတော်သိချင်တယ်....အခုဆို ၈နာရီတောင်ကျာ်နေပြီလေ.....ပီးတော့ဒီနေ့ရာသီဥတုက အရင်နေ့တွေထက်ပိုအေးနေတယ်.....ကျတော်အိမ်ကနေထွက်လာခဲ့တာ နောင်တရလိုက်တာ....လေအေးတွေကလည်းတိုက်လာပြီ သစ်ပင်တွေတွေယိမ်းနေကြပီ.....ကြည့်ရတာမိုးရွာတော့မယ်ထင်တယ်....

ကျတော်အရမ်းချမ်းလာပြီ.... အခုချိန်မှာ ကုတ်အကျႌတထည်လောက်ဝတ်ချင်တယ်....

နောက်ဆုံးတော့ မိုးရွာချလာပါပြီ....
ရေစက်တွေကျတော့်ကိုယ်ပေါ်ကျလာတဲ့အချိန် ကျတော်အိမ်အမြန်ပြန်ပြေးဖို့ဆုံးဖြတ်လိုက်တယ်....

ဒါမဲ့ အဲ့အချိန်မှာပဲ တယောက်ယောက်က ကျတော့်လက်ထဲကနေ ကျတော့်ဖုန်းကိုဆွဲလုသွားလို့ ပြန်လှည့်ပြေးရတယ်....

ကျတော်အဲ့အချိန်မှာလန့်သွားတယ်...
သူခိုး Forthနောက်ကပြေးသွားတာမြင်လိုက်တယ်...

ကျတော်လည်းForthနောက်လိုက်ပီးအော်တယ်...

"Forth သူ့ကိုလွတ်မပေးနဲ့"

ပြီးတော့ အနောက်က Forthသူခိုးကိုလှမ်းကန်လိုက်တာမြင်လိုက်တယ် သူခိုးမြေပြင်ပေါ်လှဲကျသွားတယ်.....

မိုက်တယ်ကွာ Forthတကယ်အပြေးမြန်တယ်

Forth သူခိုးဆီကနေ ကျတော့်ဖုန်းကိုပြန်ယူပြီး ကျတော့့်ဆီလာတယ် သူခိုးကိုဘာမှမလုပ်တော့ဘူး....

သူခိုးလဲမြေပြင်ပေါ်ကမြန်မြန်ထပီး မြန်မြန်ထွက်ပြေးသွားတယ်...

"သူ့ကိုဘာလို့ထွက်ပြေးခွင့်ပေးလိုက်တာလဲ ငါပြောချင်တာက အနဲဆုံးသူ့ကိုတချက်လောက်တော့ထိုးလိုက်ရမှာ"

"သူခိုးက ကလေးလေးပါ ပြီးတော့ အဝတ်စားတွေစုတ်ပြတ်နေပုံကြည့်ရရင် သူကဆင်းရဲပုံပဲ အာ့ကြေညင့်လဲသူခိုးတာနေမှာပေါ့ ငါစိတ်ရှုပ်မခံနိုင်ဘူး"သူပြန်ပြောတယ်...

"ဒါမဲ့ သူတခုခိုးပီး တခြားသူတွေဆီကထပ်ခိုးရင်ကော" ကျတော်မေးလိုက်တယ်

"ငါစိတ်မဝင်စားဘူး"သူကျတော့်ကိုပြောစရာစကားဆက်မရအောင်ကိုပြန်ဖြေလိုက်တာ

💘When Cupid's Arrow Hits You💘(Completed)Where stories live. Discover now