Chapter//9//

558 43 0
                                    

Beam's P.O.V

*Ring....Ring.....Ring*

ကျတော် ခေါ်တဲ့သူကိုမကြည့်ပဲဖုန်းကိုင်လိုက်တယ်....Kitပဲနေမှာပါ ကျတော့်ကိုအဆင်ပြေလားမေးမလို့နေမှာပေါ့

"Khrab" ကျတော်အိမ်ချင်မူးတူးအသံနဲ့ပြောလိုက်တယ်. .

"Hello Beam" အမ် Kitအသံမဟုတ်ပဲ Fortbအသံကြီးဖြစ်နေတယ်....

ကျတော်ချက်ချင်းမျက်လုံးပြူးသွားတယ်...

"Fo-Forth?" ကျတော်သေချာအောင်မေးလိုက်တယ်

"အင်း ဟုတ်တယ်"

ကျတော်ဖုန်းကိုပြန်ကြည့်လိုက်တယ်....
တကယ်ကြီးForthဆီကပဲ....

သူကဘာလို့ငါ့ကိုဆက်တာလဲ?

"အမ်.....ဘာလို့ဆက်တာလဲ?"ကျတော် ထစ်ထစ်အအမေးလိုက်တယ်

"ငါမေးမလို့ပါ မင်းအခုအဆင်ပြေရဲ့လား ငါပြောတာက မင်းမနေ့ညကအရမ်းအရက်မူးနေတာလေ"

ဟမ် သူကဘယ်လိုသိတုန်း?သူမနေ့ကငါမူးတာကိုတွေ့လိုက်လို့ထင်တယ်

"ငါအခုအဆင်ပြေပါတယ်"ကျတော်ပြန်ပြောတယ်

"အင်း ကောင်းပါတယ်....ပြီးတော့ မနေ့ညကမင်းအရက်မူးပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကော တွေမှတ်မိလား ?" သူမေးလိုက်တော့ ကျတော့်ရင်ခုန်သွားတယ်

မနေ့ကအကြောင်းတွေမှတ်မိလား?ကျတော်မနေ့ကဘာတွေလုပ်ခဲ့လဲ? ကျတော်တယောက်ယောက်ကိုအရူးလုပ်ရက်တွေလုပ်ခဲ့တာလား?

အခုမှသေချာစဉ်းစားမိတယ်....မနေ့ကကျတော့်ကိုဘယ်သူအိမ်ပြန်ခေါ်လာပေးတာလဲ?
Kitလား?ဒါမှမဟုတ်....Forth....မဟုတ်ဘူး မဖြစ်နိုင်ပါဘူး....

"ငါ...ငါမမှတ်မိတော့ဘူး ငါမနေ့ကမူးပြီး တခုခုဖြစ်ခဲ့လို့လား?" ကျတော်စိုးရိမ်တကြီးမေးလိုက်တယ်....

"မဟုတ်ပါဘူး ဘာမှမဟုတ်ဘူး"
"ဘာပဲဖစ်ဖစ် မင်းအခုထိအိပ်ယာပေါ်မှာဆိုရင်
ထသင့်ပီနော် ....ငါဖုန်းချလိုက်တော့မယ်..Bye!" သူပြောပြီး ဖုန်းချသွားတယ်.....

ကျတော်အောက်ဆင်းပြီး အမေ့ကိုရျိာတယ်....

သူမဟင်းချက်နေတယ်.....

"Mom.....မနေ့ညကကျတော့်ကို ဘယ်သူအိမ်ပြန်ခေါ်လာပေးတာလဲ?" ကျတော်မေးလိုက်တယ်

💘When Cupid's Arrow Hits You💘(Completed)Where stories live. Discover now