Chapter-1[Part-1]

11.9K 274 13
                                    

"နင့်​မျက်​နှာကြီးကဘာဖြစ်​​နေတာလဲ Tae?နင်​ဆူခံရပြန်​ပြီလား?"

မန်​​နေဂျာရုံးခန်းထဲက​နေဆူပုတ်​​နေတဲ့ မျက်​နှာနဲ့ထွက်​လာတဲ့သူငယ်​ချင်းကိုမြင်​​တော့ Sunny ​မေးသည်

"ငါ့မျက်​နှာကြည့်​တာနဲ့ ငါဘာ​ဖြစ်​​နေတယ်​ဆိုတာမသိဘူးလား?"

"နင်​ဒီတစ်​ခါ​ရော ဘာလုပ်​ပြန်​တာလဲ?"

"ငါလဲမသိဘူး!ငါ​သူ​လုပ်​ခိုင်းထားတဲ့ပာာကို အချိန်​မှီပြီး​အောင်​လုပ်​​ပေးတာပဲ​လေ!ငါလုပ်​ထားတာကိုသူစိတ်​ဆိုး​နေတာ~ငါလဲ Mr Jang ခိုင်းတဲ့အ
တိုင်းလုပ်​ထားတာပဲ​လေ!အဲ့ဒါကို သူကငါသူ့​ဆီကခွင့်​မ​တောင်းပဲလုပ်​တယ်​ဆိုပြီး ခံစား​နေတယ်​​ဟေ့"

Taeyeon သူ့ခုံမှာထိုင်​ချလိုက်​ပြီး ​ဒေါသ​တွေကိုထိန်း​နေ၏

"အဲ့ဒါပဲလား?"

"Yeah..အဲ့ဒါအကုန်​ပဲ!"

"စိတ်​ရှည်​ပါ Taeng!သူစိတ်​မကြည်​တဲ့အချိန်​ဆို ဘယ်​သူ့ကိုမ​ဆို​​ဒေါသ​တွေလွှဲချ​နေကြဆိုတာ နင်​လဲသိတာပဲ"

"ငါသိပါတယ်​ဟာ!Sunny ဒါကြီးက​တော့ မမျှတဘူး​လေ!ပထမဆုံးအ​နေနဲ့ ဒါငါ့အမှားမဟုတ်​ဘူး~ပြီး​တော့ သူကငါ့ရဲ့တကယ့်​အရာရှိလဲမဟုတ်​ဘူး​လေ!ငါက Mr.Jang လက်​​အောက်​ကလူ~သူ့လက်​​အောက်​ကမဟုတ်​ဘူး"

"ဒါ​ပေမယ့်​ အခု Mr.Jang ကကွင်းဆင်း
နေရ​တယ်​​လေ!အဲ့​တော့ နင်​ကသူ့အမိန့်
ကိုလိုက်​နာရ​တော့မှာ​ပေါ့!"

"ဒါ​ပေမယ့်​လဲ အဲ့ဒါက Mr.Jang ကပဲ ငါ့ကိုအပြည့်​အ​ဝအမိန့်​​ပေးပိုင်​ခွင့်​ရှိတယ်​ဆိုတာအချက်​ကိုမ​ပြောင်းနိုင်​ပါဘူးဟ!သူလိုမိန်းမ​တွေရှိတယ်​ဆိုတာယုံကိုမယုံနိုင်​ဘူး!​ဒေါသကြီးတယ်​~တစ်​ကိုယ်​​ကောင်းဆန်​တယ်​~အထက်​စီးက​ပြောတယ်​!စိတ်​​အ​ပြောင်းအလဲမြန်​တယ်​!အမယ်​​လေး~သူ့ရဲ့မ​ကောင်းတဲ့ဟာ​တွေချ​ရေးရမယ်​ဆိုရင်​ စာတစ်​မျက်​နှာ​တော့အသာ​လေးပြည့်​တယ်​"

"စိတ်​​လျှော့ပါဟယ်​~ဒါနင်​အဆူခံရတာပထမဆုံးအကြိမ်​လဲမဟုတ်​​တော့ဘူး~အဲ့​တော့ နင်​သူ့စိတ်​အ​ခြေအ​နေ
နဲ့လိုက်​ဖက်​​အောင်​​နေတတ်​သင့်​​နေပြီ"

နိဂုံးမဲ့ခရီးWhere stories live. Discover now