Chapter-7[Part-3]

2K 158 11
                                    

"ဒီအချိန်​ကြီးကျမှ ငါ့ဆီဖုန်း​ခေါ်တဲ့အတွက်​ နင်​အ​ကြောင်းရင်း​ကောင်း​ကောင်း​ပေးရမယ်​ Hwang"

"Sorry ပါ Jess ရယ်​!ဒါ​ပေမယ့်​ အ​ရေးကြီး
ကိစ္စဟ"

"​အေးပါ~ကဲ ဘာအ​ကြောင်းလဲ Hwang?"

"Taeyeon အ​ကြောင်းပါ"

Jessica သက်​ပြင်း​လေးချပြီး

"ငါထင်​သားပဲ!အခုဘာဖြစ်​တာလဲ?နင်​သူ့ကိုမ​ရွေးမိတာ​နောင်​တရ​နေလို့​တော့ ငါ့ကိုမ​ပြောနဲ့​နော်​!"

".............."

"ဒီလို​တွေဖြစ်​လာလိမ့်​မယ်​ဆိုတာငါသိ​နေတယ်​ Hwang!အဲ့ဒါ​တွေ​ကြောင့်​မို့လို့ငါအရင်​ နင့်​ရဲ့ logic ကြီးကိုပိတ်​လိုက်​ဖို့ ​ပြောတာ​ပေါ့ဟ!နင်​ဒီလို​တွေခံစားရ​အောင်​ သူဘာ​တွေလုပ်​လိုက်​တာလဲ?"

"သူဒီည သူ့ဆိုင်​ကယ်​နဲ့ငါ့ကိုအိမ်​ပြန်​လိုက်​ပို့​ပေးတယ်​"

"ဘာ???နင့်​မှာဆိုင်​ကယ်​စီးရတာ​ကြောက်​တဲ့ trauma ရှိ​နေတာမဟုတ်​ဘူးလား?"

"ငါနဲ့စီးရင်​သူက​သေချာဂရုတစိုက်​နဲ့​မောင်း
လို့ ငါအန္တရာယ်​ကင်းသလိုခံစားရတယ်​ Jess ရ!ဒါနဲ့ စကားမစပ်​ ပြီးခဲ့တဲ့စ​နေ​နေ့ကပဲ သူနဲ့ Jiyeon တရားဝင်​တွဲဖြစ်​သွားပြီတဲ့"

"အာ့ဆို သူ့​ကောင်​မ​လေးက Taeyeon တခြား​ကောင်​မ​လေးကိုအိမ်​ပြန်​လိုက်​ပို့​ပေးတာ​ကို ဘယ်​လိုလုပ်​ခွင့်​ပြု​ပေးတာလဲ?သူစိတ်​မဆိုးဘူးလား?သူ့​နေရာမှာ ငါသာဆိုရင်​ Taeyeon ကို​သေ​လောက်​​အောင်​ကိုစိတ်​ဆိုးမှာ"

"သူဒီမှာမရှိဘူး!Taeyeon ​ပြောတာ​တော့ ဂျပန်​မှာ​နေတဲ့အဖိုး​နေမ​ကောင်းလို့ဆိုလား အဲ့ဒါခွင့်​တစ်​ပတ်​ယူပြီးသွားတယ်​!"

Tiffany အသံက​ပျော်​​နေတဲ့အသံဖြစ်​​နေတာကို Jessica လဲသတိထားမိပါ၏

"အဲ့ဒါကို နင်​ကဘာ​ကြောင့်​​ပျော်​​နေရတာလဲHwang?နင့်​​ခေါင်းထဲမှာဘာအကြံ​တွေရှိ​နေတာလဲ?Miyoung?"

"ဘာမှမရှိပါဘူး!ငါကနင့်​ကို​ပြောပြချင်​ရုံသက်​သက်​ပါဟ~အဲ့ဒါအကုန်​ပဲ"

Tiffany အလျင်​အမြန်​လိမ်​၏

"ပြီး​တော့အခု နင့်​ဘဲကလဲအ​ဝေးမှာ​ရောက်​​နေတယ်​!နင်​ဘာ​တွေကြံစည်​​နေတာလဲ Tiff ရယ်​!ငါ့ကိုပွင့်​ပွင့်​လင်းလင်း​ပြောစမ်းပါ"

နိဂုံးမဲ့ခရီးWhere stories live. Discover now