Chapter-13[Part-1]

1.9K 164 6
                                    

ချစ်​ရတဲ့ချစ်​သူကို propose လုပ်​​တော့မယ့်​ဆဲဆဲ Taeyeon ကြားသိလိုက်​ရတဲ့အရာ​တွေကများလွန်းတယ်​။သူဘာလုပ်​ရမှန်း ဘယ်​ကိုသွားရမှန်းမသိ​တော့။အရာရာ​ပျောက်​ဆုံးကုန်​၏။သူသိတာတစ်​ခုက သူ​ခြေ​ထောက်​​တွေ​ခေါ်​ဆောင်​ရာ​နောက်​ကိုလိုက်​သွားမယ်​​ဆိုရင်​ Bar ဒါမှမဟုတ်​ Pub ကိုပဲ​ရောက်​သွားလိမ့်​မယ်​!အဲ့ဒီမှာမူး​အောင်​​သောက်​မိပြီး
ဘယ်​ကမှန်​မသိတဲ့​ကောင်​နဲ့အိပ်​ဖြစ်​ကာ
ကိုယ်​ဝန်​ရသွားတာ​တွေဖြစ်​လိမ့်​မယ်​!အဲ့ဒါက ​ကောင်းတဲ့ idea မဟုတ်​ဘူး!

သူနဲ့ Jiyeon ရဲ့ RS ​အ​ပေါ် Jiyeon မိဘ​တွေရဲ့အမြင်​ကို Taeyeon အမြဲတမ်းသိချင်​​နေမိခဲ့တယ်​။Taeyeon မိဘ​တွေက​တော့ သူ​ကောင်​မ​လေး​တွေကိုပဲစိတ်​ဝင်​စားတယ်​ဆိုတာသိ​နေပြီဖြစ်​လို့ ပြဿနာမရှိခဲ့​ပေ။သူ့​ရွေး​ချယ်​မှု​တွေကိုလဲအမြဲတမ်း support ​ပေး​နေကျမိဘ​တွေပါ။တစ်ခုပဲ​တောင်းဆိုထား
တယ်​။လက်​ထပ်​​တော့မယ်​ဆိုရင်​ သူတို့ကိုအရင်​အသိ​ပေးပြီး ​ကောင်​မ​လေးကို သူတို့ဆီကို​ခေါ်လာခဲ့​ပေးဖို့ပါပဲ။

အဲ့​တော့ Taeyeon ဘာ​တွေကြားခဲ့ရတာလဲ??သူနဲ့အပြစ်​ရှိတဲ့ ဆက်​ဆံ​ရေးတစ်​ခုတည်​​ဆောက်​မိတဲ့ Jiyeon ကို သူ့မိဘ​တွေ​ဆူ​နေတာကိုကြားခဲ့ရတာပါ။
ကျေးဇူးမသိတဲ့သမီးအဖြစ်​သမုတ်​ကြပြီး သူနဲ့ဆက်​မ​တွေ့​တော့ဖို့ပိတ်​ပင်​ကြတယ်​။အဲ့ဒါ​တွေအပြင်​ Jiyeon မိသားစု Background ကို Taeyeon ပထမဆုံးအကြိမ်​သိလိုက်​ရတယ်​။သူတို့မိသားစုက အင်​မတန်​ကိုမှ ချမ်း
သာကြွယ်​ဝတဲ့မိသားစုပါ။ပြီး​တော့ တစ်​ဦးတည်း​သော သမီးဖြစ်​တဲ့ Jiyeon ကိုလဲ
သူတို့အ​မွေအနှစ်​​တွေနဲ့လိုက်​ဖက်​ညီတဲ့ ​ယောကျာ်းတစ်​​ယောက်​နဲ့ပဲလက်​ထပ်​​စေချင်​ကြတယ်​။

အဲ့ဒါတင်​မဟုတ်​​သေးဘူး~Jiyeon က သူ Taeyeon ရဲ့ဇနီးဖြစ်​ဖို့အသင့်​ဖြစ်​​နေပြီဖြစ်​တယ်​လို့ပြန်​​ပြော​တော့ သူ့အ​ဖေ ​ဒေါသ​ထွက်​ပြီး Jiyeon ပါးကိုရိုက်​ချလိုက်​တယ်​။Jiyeon အ​မေက​တော့ Jiyeon မှာမျိုးဆက်​ရင်​​သွေး လိုတယ်​လို့ ​ချော့​ချော့​မော့​မော့နဲ့​ပြောရှာပါတယ်​။သို့​သော်​ Jiyeon က မိန်းမ
တစ်​​ယောက်​ကို လက်​တွဲ​ဖော်​အဖြစ်​​ရွေးချယ်​ထားမှ​တော့ ဘယ်​လိုလုပ်​ မျိုးဆက်​ရ​တော့မှာလဲ?Jiyeon က​တော့ က​လေး ​မွေးစားမယ်​လို့​ပြောရှာတယ်

နိဂုံးမဲ့ခရီးTahanan ng mga kuwento. Tumuklas ngayon