Chapter-7[Part-4]

2.1K 176 10
                                    

"သူအိမ်ပြန်သွားပြီလား?ငါ့ကိုတောင်ပြောမသွားဘူး”

Taeyeon ကိုအလုပ်စားပွဲမှာမတွေ့တာနဲ့ Tiffany ပွစိပွစိနဲ့ပြောနေ၏

ခေါင်းထဲမှာဟိုတစ်နေ့က Jessica နဲ့ပြောဖြစ်တဲ့အကြောင်းအရာတွေနဲ့တခြား
စဉ်းစားစရာတွေရှိနေတာမို့လို့ အနီးနားက အရက်ဆိုင်ဆီကိုမောင်းဖို့ Tiffany ~
Driver ကိုအမိန့်ပေးသည်

အဲ့ဒီနောက် Tequila တစ်ပုလင်းဝယ်လာ Taeyeon နေတဲ့တိုက်ခန်းဆီကိုမောင်းခိုင်း
ပြန်၏။

Tiffany ~ Tequila ပုလင်းကိုဖွင့်ကာ တစ်ငုံနှစ်ငုံမျှသောက်ပြီး ခန္ဓာကိုယ်မှာ အရက်နံ့တွေမွှန်ထူနေအောင်ကြံသည်။ထို့်
နောက် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေအပြည့်
နဲ့ Taeyeon တိုက်ခန်းဆီကိုချီတက်လာတယ်

"Miss Tiffany?”

Tiffany ကိုမြင်တော့  Taeyeon ကပျာကယာ လှမ်းထိန်းရှာ၏

"မင်ဂါပါ........taeyeon ah...”

Tiffany မူးနေတဲ့ပုံပေါက်အောင်လို့ အကောင်းဆုံးသရုပ်ဆောင်နေ၏

"Aigoo..Mam မူးနေပြီပဲ!အထဲဝင်ခဲ့ပါ!”

Tiffany ကိုအခန်းထဲတွဲခေါ်လာပြီး ဆိုဖာပေါ်မှာထိုင်ခိုင်းသည်

"ဒီမှာထိုင်နေနော် Mam!Mam အတွက် Towel နဲ့ သောက်စရာရေ Tae သွားယူပေးမယ်”

"Ouwww...”

Tiffany သူ့လက်ကောက်ဝတ်ကိုဆွဲချလိုက်တာကြောင့် TaeYeon လဲဆိုဖာပေါ်မှာပစ်ထိုင်ချသွား၏

"Mam ဘာလုပ်တာလဲ....?”

Tiffany ~ Taeyeon ကိုယ်ပေါ်ကိုတက်ခွသည်

"တက်တာလေ”

Tiffany ဘာမှမဖြစ်တဲ့မျက်နှာပေးလေးနဲ့ပြန်ဖြေပြီး
Taeyeon ကိုငုံ့နမ်းတယ်!Taeyeon ခမျာတော့ အောက်ကနေရုန်းကန်နေ၏။သူ့မှာ ကောင်မလေးရှိတယ်။သူမအခု တိုင်းတစ်ပါး
မှာရောက်နေရင်တောင် Taeyeon ဒီလိုလုပ်လို့မဖြစ်ဘူး

"ငါ့ကိုပြန်နမ်းလေ Taetae”

ဒီတစ်ခါမှာတော့ Taeyeon သူမပေးတဲ့အနမ်းတွေကိုရှောင်လို့မရအောင် Tiffany ~ Taeyeon မျက်နှာကိုသေချာကိုင်ထားကာ နမ်းသည်။

Taeyeon လဲရုန်းလို့မရတာတွေရော မသိစိတ်ရဲ့ Tiffany နှုတ်ခမ်းကိုတောင်းတ မှုတွေပါရောပြွန်းပြီး မထိန်းထားနိုင်တော့ပဲ ပြန်နမ်းမိသွားတယ်။Tiffany လဲ ထိုအဖြစ်ကြောင့် တစ်ချက်ပြုံးမိပြီး ပိုပြင်း
ထန်စွာနမ်းတော့သည်

နိဂုံးမဲ့ခရီးTempat cerita menjadi hidup. Temukan sekarang