Chapter-21[Part-1]

1.9K 154 8
                                    

"Auntie!သားကို ဘယ်​​ခေါ်သွားမလို့လဲ?"

Taeyeon ချီထားတဲ့က​လေး​လေးက​မေးလာတယ်

"Hmm... သားသားဘယ်​သွားချင်​လဲ?
ဝရန်​တာဘက်​ကိုသွားမလား ဒါမှမဟုတ်​ အပြင်​ဘက်​က​ရေကန်​နားကိုသွားမလား?"

"ဝရန်​တာ..?"

ထိုစကားလုံးကိုနားမလည်​တဲ့က​လေး​လေး
မျက်​လုံး​လေး​တွေပုတ်​ခတ်​ပုတ်​ခတ်​နဲ့ပြန်​​မေးရှာတယ်

"Hmm...အဲ့ဒါဆိုလဲ အပြင်​ဘက်​ကိုပဲ သွားကြတာ​ပေါ့.."

"Auntie.."

"​ပြော​လေ.."

"သားနာမည်​က Jaejoong!Noona နာမည်​ ဘယ်​လို​ခေါ်လဲ?"

"Taeyeon...Kim Taeyeon တဲ့!ဒါနဲ့
မင်းမှာနာမည်​လှလှ​လေးရှိ​နေတာပဲ Jaejoong ရ"

"ဒါဆို သားသားက Noona လို့​ခေါ်ရမှာ​ပေါ့?
Daddy ကသားသားကို​ပြောထားတယ်​..
သားသားထက်​အသက်​ကြီးတဲ့သူ​တွေကို Noona တို့ Hyung တို့ ​ခေါ်ရမယ်​တဲ့!
အခု Noona က သား ထက်​အသက်​ကြီးတယ်​မလား?"

"အင်း​ပေါ့!ဒါနဲ့ မင်း​လေးက စကား​ပြောရတာ ​တော်​​တော်​ကြိုက်​တဲ့ပုံပဲ"

"Yep!Daddy လဲ အဲ့လိုပဲ​ပြောတယ်​!သူ​ပြောတာ​တော့ သားသားက Mommy နဲ့တူတာတဲ့!Mommy လဲ သားသားလိုပဲ
စကား​ပြောရတာကြိုက်​တယ်​တဲ့"

"မင်း daddy ​ပြောတာ မှန်​တယ်​ဟ~
မင်းကစကား​တော်​​တော်​များတဲ့
ကောင်​​လေးပဲ"

"ကဲ ​ရောက်​ပြီ! ဘာလိုလဲ...လှတယ်​မလား?"

Jaejoong ကို ​မြေကြီး​ပေါ်ချ​ပေးပြီး ​မေးကာ
Taeyeon အနားကခုံတန်း​လေးမှာထိုင်​သည်

"ဒီမှာထိုင်​​လေ Jaejoong"

"ကြယ်​​တွေအများကြီးပဲ​နော်​ Noona!
အရမ်းလှတယ်​"

ကောင်​​လေး ​ကောင်းကင်​ကြီးကိုညွှန်​ပြပြီး
မတ်​တပ်​ထရပ်​တယ်

"ဟုတ်​တယ်​.."

"Daddy ​က​ပြောတယ်​!Mommy က အဲ့ဒီ
ကောင်းကင်​ကြီး​ပေါ်မှာ ကြယ်​​လေး ဖြစ်​သွားတာတဲ့!ဒါ​ပေမယ့်​ ကြယ်​​တွေကအများကြီး ​ဆို​တော့ ဘယ်​တစ်​ခုက Mommy ဆိုတာ သား ဘယ်​လိုသိနိုင်​မှာလဲ?"

နိဂုံးမဲ့ခရီးTempat cerita menjadi hidup. Temukan sekarang