Chapter-21[Part-2]

2.2K 156 20
                                    

"မင်းအိမ်​ပြန်​တဲ့လမ်းတစ်​​လျှောက်​လုံး
တိတ်​ဆိတ်​​နေတာပဲ Tae!ငါ့ကို​ပြောစရာတစ်​ခုခုရှိ​နေလို့လား?"

Taeyeon ​ရေချိုးခန်းထဲကထွက်​လာကိုမြင်​တာနဲ့ Tiffany ဖတ်​လက်​စမဂ္ဂဇင်းစာအုပ်​ကို
ချကာ​မေး​တော့တယ်

"ဟမ်​?ဘာမှမဟုတ်​ပါဘူး!ဒီအတိုင်း ပင်​ပန်း
နေလို့ထင်​တယ်​"

"မင်းလိမ်​တယ်​!"

Taeyeon လည်​ပင်းကိုသိုင်းဖက်​ကာ Tiffany ချစ်​စဖွယ်​အမူအရာ​လေးနဲ့ဆို၏

"မလိမ်​ပါဘူး"

ဖက်​တွယ်​ထားတဲ့ Tiffany လက်​​တွေကို
Taeyeon ဖြုတ်​ချတယ်

"Come on,Tae!မင်းလိမ်​​တာတို့ မင်း ​ပျော်​​တာတို့မင်း စိတ်​ညစ်​​တဲ့အခါတို့ဆို ငါအကုန်​သိ​နေတယ်​ Tae!မင်းက ငါ့ရဲ့အနာဂတ်​ ဇနီး​လောင်း​လေ..အဲ့​တော့ မင်းနဲ့ပတ်​သက်​တဲ့အရာအားလုံးကို​ကိစ္စ​သေး​သေး​လေးကအစသိ​နေရမှာကငါ့အလုပ်​ပဲ​လေ!
ကဲ ဘာလိုလဲ?မင်းငါ့ကိုအမှန်​အတိုင်း​ပြောမှာလား?ဒါမှမဟုတ်​ ဆက်​ငြင်း​နေမှာလား?"

".........."

"မင်း KangIn နဲ့ငါ့ကိုသဝန်​တို​နေတာမလား?"

အောက်​နှုတ်​ခမ်း​လေးကိုအသာကိုက်​ပြီး Tiffany , Taeyeon ကိုဆွဲ​ဆောင်​ဖို့ကြိုးစား​နေ၏~

"မဟုတ်​...."

"Jaejoong သူ့အ​ဖေအံဆွဲထဲမှာ ငါ့ပုံ​တွေ
တွေ့တယ်​​ပြောလိုက်​လို့ စိတ်​ထဲတစ်​မျိုးဖြစ်​သွားတာလား Tae?"

"ဘယ်​သူ​ပြောတာလဲ..?Tae...."

"မင်း KangIn ကို ငါ့ချစ်​သူက မင်းပါလို့
ပြောချင်​​ပေမယ့်​ Jaejoong ရှိ​နေလို့ ​ပြောလို့မရဘူးဖြစ်​​နေတယ်​!မင်းနှလုံးသားက
အရမ်းနူးညံ့ပြီးသိမ်​​မွေ့လွန်း​တော့ ငါက မင်း
အပိုင်​ပါဆို​တာ​တောင်​ မင်းမ​ပြောရက်​ဘူး​လေ"

"Tae ဘယ်​​တော့မှ...."

"မင်း ဘယ်​​တော့မှ ငါ့ကိုလက်​လွှတ်​မ​ပေးဘူး!
ငါသိပါတယ်​ကွာ"

Tiffany မျက်​လုံးတစ်​ဖက်​မှိတ်​ပြပြီး

"အဲ့​တော့?ငါ​ပြောတာအကုန်​မှန်​တယ်​မလား အချစ်​?"

နိဂုံးမဲ့ခရီးWhere stories live. Discover now