Chapter-3[Part-2]

2.3K 211 9
                                    

Tiffany သူမရုံးခန်းထဲမှာ လက်​​အောက်​ငယ်​သား​တွေကိုဆူပွက်​​နေ၏။

"အားလုံးထွက်​သွားကြ​တော့!"

ဆူလို့အားရသွား​တော့ ​မောင်းထုတ်​သည်

"Taeyeon!မင်း​နေခဲ့"

Tiffany ထိုင်​ခုံမှာပြန်​ထိုင်​ကာ

"မင်းကိုငါဘာ​ကြောင့်​​နေခဲ့ခိုင်း​တာလဲသိလား?"

"ဟုတ်​...."

"​ကောင်းပြီ!အာ့ဆို မင်းဘာအမှား​တွေလုပ်​ထားလဲဆိုတာ ငါ​ပြောစရာမလို​တော့ဘူး​ပေါ့!ကဲ မင်းလုပ်​ထားတဲ့အမှား​တွေငါ့ကို​ပြောစမ်း"

"အခုဖြစ်​သွားတဲ့ကိစ္စက System ​ကြောင့်
ဖြစ်​သွားတာပါ~Quality assurance တစ်​​ယောက်​အ​နေနဲ့ ကျွန်​မဒီပြဿနာကို
သိခဲ့သင့်​ပြီး ပြင်​ဆင်​ခဲ့သင့်​တာ!ဒီ System အတွက်​တာဝန်​ရှိသူကကျွန်​မပါ~ဒါ​ပေမယ့်​ ကျွန်​မအမှား​ကြောင့်​ဌာနမှာဆုံးရှုံးမှု​တွေဖြစ်​ခဲ့ပါတယ်​"

"Hmmm မှန်​တယ်​!ဒါ​ပေမယ့်​ ကံဆိုးစွာနဲ့
မင်းရှင်းပြတာ​တွေ မင်း​နောင်​တ​တွေကအ​ခြေအ​နေကို​ပြောင်းလဲနိုင်​မှာမဟုတ်​ဘူး!
ငါစိတ်​ပျက်​မိရတယ်​ Taeyeon!ငါမင်းကို
ဒီထက်​ပို​တော်​မယ်​ထင်​​နေတာ~ငါခန့်​မှန်း
တာမှားသွားပြီပဲ"

Tiffany သက်​ပြင်းချပြီး​ပြော​တော့ Taeyeon ရှက်​စိတ်​​ကြောင့်​ ​ခေါင်းမ​ဖော်​နိုင်​​တော့။

"ဒီပြဿနာကိုမှတ်​တမ်းတင်​မထားနိုင်​​အောင်​ကို မင်းန​မော်​နမဲ့နိုင်​လွန်းတယ်​!မင်း
ဒီကိစ္စကို​သေး​သေး​လေးလို့်​ထင်​​နေတာမလား?ပြဿနာမရှိ​လောက်​ဘူးလို့ မင်းယူဆခဲ့တာ!ကိစ္စ​​သေး​သေး​လေးဆိုပြီး မင်းလက်​လွတ်​စပယ်​လုပ်​ခဲ့တာ အခုကြည့်
ဦး~ငါတို့ဌာနဘယ်​လိုဖြစ်​သွားပြီလဲ?"

"မင်းဒီပြဿနာကိုလျစ်​လျူရှုလိုက်​ဖို့ ဆုံးဖြတ်​လိုက်​တုန်းက မင်းလုပ်​​ဖော်​ကိုင်​ဖက်​​တွေကိုစဉ်းစားကြည့်​ခဲ့ရဲ့လား?မင်း
ကြောင့်​မို့လို့ တစ်​ဖွဲ့လုံးငါဆူတာခံရနို်​င်​တယ်​လို့​ရော​တွေးကြည့်​ခဲ့ရဲ့လား?မင်း
အတွက်​အပြစ်​ရှိလိုမခံစားရဘူးလား?မင်း
သူတို့ကိုမသနားဘူးလား?သူတို့ဒီကိစ္စ​ကြောင့်​​​နောက်​ကျတဲ့အထိအလုပ်​လုပ်​ရ​တော့မယ်​​ဆိုတာ​သေချာတယ်​"

နိဂုံးမဲ့ခရီးOnde histórias criam vida. Descubra agora