Chapter-7[Part-2]

2.1K 170 15
                                    

ထုံးစံအတိုင်းပဲ တနင်္လာ​နေ့​ရောက်​လာပြန်​တယ်​~လွန်​ခဲ့တဲ့ တစ်​နှစ်​က Taeyeon က​တော့ Tiffany နဲ့​တွေ့ရဖို့အတွက်​ Monday ကို​စောင့်​​မျှော်​​နေကျ~အခု​ Taeyeon က​တော့ အရင်​လိုမဟုတ်​​တော့။Tiffany အ​ပေါ်ခံစားချက်​​တွေရှိ​နေဆဲ​ပေမယ့်​ အရင်​​လောက်​​တော့မဟုတ်​​တော့။Jiyeon ​ကျေးဇူး​ကြောင့်​မို့လို့ Miss Hwang အ​ပေါ်ခံစားချက်​​တွေက​လျော့နည်းလာခဲ့ပြီ!
သို့​သော်​လည်း ပြီးခဲ့တဲ့ Sunday က Taeyeon အတွက်​ Beautiful Sunday မဟုတ်​ခဲ့~ဂျပန်​မှာ​နေတဲ့ အဖိုးဖြစ်​သူ​နေမ​ကောင်းဖြစ်​​နေလို့ Jiyeon တစ်​​ယောက်​ အိမ်​ပြန်​သွားရတယ်

"မင်းဒီမှာဘာလုပ်​​နေတာလဲ?အိမ်​မပြန်​​သေးဘူးလား?Jiyeon ​ရော ဘယ်​​ရောက်​​နေတာလဲ??ငါဒီ​​နေ့​တစ်​​နေ့လုံး သူ့ကို​မ​တွေ့မိဘူး"

ရုတ်​တရက်​ထွက်​လာတဲ့အသံ​ကြောင့်​ Taeyeon လန့်​သွားပြီး ​ရေ​နွေးအိုးကိုလက်​နဲ့ထိမိ​တော့မလိုဖြစ်​သွားတယ်

"Sorry ပဲ~မင်းကိုလန့်​​အောင်​လုပ်​မိသွားတယ်​"

"No..ရပါတယ်​!အခုပဲအလုပ်​​တွေပြီးသွားတာ~အဲ့ဒါဗိုက်​ဆာလာလို့ အိမ်​မပြန်​ခင်​ ဗိုက်​အရင်​ဖြည့်​လိုက်​မလို့ပါ!Mam ​ရောစားဦးမလား?"

"မစား​တော့ဘူး~ငါမင်းကိုဒုက္ခမ​ပေးချင်​ဘူး"

"Nah~ဒုက္ခ​ပေးရာမ​ရောက်​ပါဘူး Mam!
Mam စားချင်​တယ်​ဆိုရင်​ ကျွန်မမှာ Ramen အပိုရှိ​သေးတယ်​!Jiyeon အတွက်​ပါအပိုဝယ်​ထားရှိတယ်​~ပြီး​တော့ သူမ​နေ့
တုန်းက Japan ကိုပြန်​သွားရတယ်​​လေ!သူ့အဖိုးကိုပြုစု​ပေးဖို့ခွင့်​တစ်​ပတ်​ယူသွားတယ်​"

"အဲ့ဒါဆိုလဲ ​ကျေးဇူးပါပဲ"

"ရပါတယ်​ Mam"

Taeyeon လဲ​ခေါက်​ဆွဲဘူး​လေးဖွင့်​ကာ ​ရေ​နွေးထည့်​ပြီး Tiffany ​ရှေ့မှာချ​ပေးသည်

"Thank you"

"You're welcome"

Taeyeon လဲ Tiffany ​ရှေ့မှာဝင်​ထိုင်​လိုက်​ပြီး နှစ်​​ယောက်​သားတိတ်​တဆိတ်​နဲ့စားကြသည်​!!

"ဒါနဲ့..Umm..Mam ချစ်​သူလာကြိုတာ​စောင့်​​နေတာလား Mam?"

"မဟုတ်​ပါဘူး~သူနိုင်​ငံခြားကိုခရီးထွက်​သွားတယ်​!ငါလုပ်​စရာ​အလုပ်​​တွေကျန်​​နေ​သေးလို့ ​နောက်​ကျ​နေတာ!၉ နာရီမထိုးခင်​ပြီးပါ​စေလို့ဆု​တောင်း​နေတာ မဟုတ်​ရင်​​တော့ ငါ Taxi နဲ့ပဲပြန်​ရ​တော့မယ်​"

နိဂုံးမဲ့ခရီးWhere stories live. Discover now