Chapter-22[Part-1]

2.4K 137 4
                                    

နောက်​တစ်​မနက်​ ​ရောက်​​​တော့အလှဆုံး​သော မြင်​ကွင်း​လေးတစ်​ခုနဲ့ Taeyeon
နိုးလားတယ်​။ချစ်​ရတဲ့ မမ Tiffany တစ်​​ယောက်​ သူ့ရင်​ခွင်​ထဲကိုတိုး​ဝှေ့ပြီးအိပ်​​ပျော်​​နေရှာတယ်​။သူမလက်ေ​တွဟာလဲ Taeyeon ခါးကိုမြဲမြဲတင်းတင်းဖက်​၍ထား၏။ပြီး​တော့ တစ်​ညလုံး ​ခေါင်းဦးအိပ်​ထားလို့ Taeyeon လက်​တစ်​ဖက်​ဆိုရင်​လဲ ကိုက်​ခဲလှပြီ။သို့​သော်
လဲ အချစ်​​ဆုံး​လေး နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​မောကျ​နေတာကို အခုလို ကြည့်​​နေရတာနဲ့ တင်​ပဲ Taeyeon စိတ်​​ကျေနပ်​ပါတယ်​​လေ။

ထိုစဉ်​ Taeyeon အ​တွေး​တွေက အတိတ်​​တွေကိုစဉ်းစားမိသွားတယ်​။
Jiyeon ~ Taeyeon တစ်​သက်​လုံးဝ​မေ့နိုင်​မှာမဟုတ်​တဲ့ နာမည်​တစ်​ခု။သူမရဲ့ဆန္ဒမပါပဲ
အတင်းလမ်းခွဲခဲ့သည်​အထိ သူမ အ​ပေါ်မှာ Taeyeon ​အရမ်းရက်​စက်
ခဲ့မိတယ်​။နှစ်​​ယောက်​သားသိပ်​ချစ်​ခဲ့ကြ​ပေမယ့်​ ကံကြမ္မာရဲ့မျက်​နှာသာ​ပေးခြင်းမခံရ
တဲ့ သူတို့နှစ်​​ယောက်​ရဲ့ဇာတ်​လမ်းဟာ ဒီလိုပဲ အဆုံးသတ်​သွားခဲ့ရတယ်​​လေ။

Taeyeon ဟိုဟိုဒီဒီစဉ်းစား​ပြီး​တော့ရင်​ခွင်​ထဲက Tiffany နဖူး​လေးကိုအနမ်း​ခြွေမိ
တယ်​။

"ဟွန်း...၇ မိနစ်​နဲ့ ၃၄ စက္ကန့်​ ​စောင့်​​နေပြီးတဲ့​နောက်​ မင်းနိုး​နေတဲ့အ​ကြောင်း hint ​လေး​ပေးတာရပြီ​ပေါ့​နော်​"

"Fany နိုး​နေပြီလား?"

"Yep!ဘယ်​လိုလဲ ​ကောင်း​ကောင်းအိပ်​​ပျော်​ခဲ့ရဲ့လား ကျား​လေး?"

"​ကောင်းပါတယ်​!Fany ​ရော?"

"အတူတူပဲ!ပြီး​တော့ ဒီ​နေ့ အလုပ်​သွားဖို့မလိုတာကိုလဲ ငါဝမ်းသာတယ်​"

"Uh...humm"

"အဲ့ဒါဆို Tae တို့ ဘာလုပ်​ကြမလဲ?တစ်​​နေရာရာ သွားကြမလား?"

"ငါ့မှာလုပ်​စရာအလုပ်​​လေး​တွေနည်းနည်း
ကျန်​​သေးတယ်​!အဲ့ဒါ ငါဒီမနက်​မှာ အပြီးလက်​စသတ်​လိုက်​မယ်​​လေ!ပြီးတာနဲ့ ကျန်​တဲ့အချိန်​​တွေကို Tae နဲ့အတူတူအချိန်​ဖြုန်းကြမယ်​​လေ!ငါက​တော့ ​ထွေ​ထွေထူးထူး သွားချင်​တဲ့​နေရာ​တော့မရှိပါဘူး..Tae ​ ဘယ်​သွားချင်​လဲ ​ပြောကြည့်​​လေ?"

နိဂုံးမဲ့ခရီးNơi câu chuyện tồn tại. Hãy khám phá bây giờ