Part 3

3K 215 2
                                    

But I Still Loving You 

Episode 3 

Hunhan 


Luhan - သူခိုး .....သူခိုး.....သူခိုး.....

ကုတင်ပေါ်တွင် ခုန်ပေါက်ပြီး အာခေါင်ခြစ်ကာ အော်နေသော ကောင်သေးသေးလေးအား ဆဲဟွန်း ကုတင်ပေါ်တက်ပြီး လက်တစ်ဖက်အား ဆွဲကာ ကျန်သော လက်တစ်ဘက်ဖြင့် သူ့ ပါးစပ်သေးသေးလေးအား ဆွဲပိတ်လိုက်သည် ။

Sehun -ဟေ့ ဟေ့ မအော်နဲ့လေ ၊ ကိုယ် သူခိုးမဟုတ်ဘူး ၊ ကိုယ့်မျက်နှာ ကြည့်စမ်း

ပါးစပ်လဲ ပိတ်ရ သူ့ ရဲ့ အသံ စူးစူးလေးကို ကျော်လွန်အောင်ပဲ ပြိုင်အော်ရလေသည် ။

ကောင်သေးသေးလေး က မျက်စိကြီး အတင်းမှိတ်ကာ ပါးစပ်ပိတ်ထားသော ဆဲဟွန်းရဲ့ လက်ဝါးကြားထဲ ကနေ ၀ူးဝါး ၀ူးဝါးဖြင့် အော်ရင် မျက်လုံးလေး တစ်ဘက်အား ဖွင့်ကြည့်လိုက်သည် ။

အံ့သြသွားဟန်ဖြင့် မျက်ခုံးလေး ၂ခု ပင့်သွားတော့မှ ဆဲဟွန်း သူ့ ပါးစပ်ကို ပိတ်ထားသော လက်အား လွတ်ပေးလိုက်သည် ။

Luhan - ဟင်....ခင်ဗျား ဘယ်လိုလုပ်ပြီး ၀င်လာတာလဲ ၊ ပြီးတော့ ကျုပ်ကို လွှတ်ဦးဗျ

Sehun - အော..မီအန်း (ဆဲဟွန်း မှာ ထို စွာစိလန်လေးအား ပါးစပ်ပိတ် ချုပ်ရန် လုပ်ထားသည်က မသိလျှင် သူ့ အား နောက်ကနေ ရင်ခွင်ထဲ ဆွဲသွင်းထားသလို ဖြစ်နေလေသောကြောင့် လွှတ်ပေးလိုက်ရသည် )

ရှောင်လု တစ်ယောက် ကုတင်ပေါ် စိတ်ပျက်လက်ပျက် ၀ုန်းကနဲ့ ထိုင်ချ လိုက်ပြီး ဆဲဟွန်းအား လက်ပိုက် မျက်မှောင်ကြုံ့ ကာ ကြည့်လိုက်သည် ။

ဆိုလိုတာက ရှင်းပြစမ်းပါဦးဆိုတဲ့ အမူယာနဲ့ ပေါ့ ။

Sehun - မင်းပဲကိုယ့်ကို တံခါး ထ မဖွင့်နိုင်ဘူး ကိုယ့်ဘာသာ ၀င်လာခဲ့ဆို ။ ဒါနဲ့ ကိုယ်လဲ ၀င်လာတာပေါ့ ။ဒီလောက်ဆိုရင် မင်း ပါပါး နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကို သိလောက်ပါပြီနော် ။

ဆဲဟွန်းမှာ သူ့ ရှေ့တင် တင်ပလင်ခွေ ထိုင် လက်ပိုက်ကာ မျက်မှောင့်ကျံလျှက် ကြည့်နေသော အနှီ ကောင်သေးသေးလေးအား လက်ပိုက်လျှက် ဖြောင့်တန်းနေသော မျက်ခုံးများအား ပင့်ကာ ဘယ်လိုလဲ ဆိုတဲ့ စတိုင်ဖြင့် ပြန် မေးငေါ့ ပြလိုက်သည် ။

But I still loving you(Complete)Donde viven las historias. Descúbrelo ahora