But I Still Loving You
Ep 14
Hunhan"Baek ငါတို့ မြင်လိုက်ရတာ ဘာတွေလဲ ? "
ကော့တော့ ကော့တော့ နဲ့ ဓာတ်လှေကားထဲ ဝင်သွားသော Hunhan အတွဲကို နားမလည်စွာ လိုက်ငေးရင်း ရုံး အဖွဲ့သားတွေက မေးလိုက်ခြင်း ဖြစ်သည် ။
အဲ့ဒါလား ...ယွတယ်လို့ခေါ်တယ် ~ စူပုတ်ပြီး ဓာတ်လှေကားထဲ ဝင်ရင်း ပြောလိုက်သော ဘတ်စကားကြောင့် အဖွဲ့သား အသီးသီးဇာတ်ကလေးတွေ ပုသွားကြလေသည် ။
အေးရော ~ ပြောချင်တာ ပြောပစ်လိုက်ပြီ ။ကိုယ့်မှာတော့ သူ နေမကောင်းလို့ ပျော်အောင်ထားလိုက်ရတာ ငလုမ က သူ့လူကြီးဆွဲရာ ကောက်ခနဲ့ လိုက်သွားလိုက်တာများ နှုတ်ဆက်ဖော်တောင် မရဘူး ။ ကိုယ့်လက်တောင် ဆွဲဖြုတ်ချတာ ခံလိုက်ရသေးတယ် ။ အမလေး ပြောရင်းနဲ့ လက်တောင် နာလာသလိုပဲ ။ အားငယ်လိုက်တာ ကိုကို Yeol ဆီဖုန်းခေါ်ဦးမှပါပဲ
Elevitor ထဲက ထွက်လိုက်သည်နှင့် ~
Ring Ring ~~
"Yawboseyo~~ ပါပီလေး , သျဲလေး ပြော "
"ကိုကို ~ ဟင့် !! "
Yeol အသံကြားတာနဲ့ စိတ်က ပိုအားငယ်ပြီး လူက မျက်ရည်က အလိုလိုကျချင်လာသည် ။
"ဟင် ဘတ်ကလေး ဘာဖြစ်တာလဲ ။ ဘာလို့ ငိုနေတာလဲ ပြောပါဦး" ဘတ်ရဲ့ အသံကြောင့် ပြာပြာသလဲ ဖြစ်သွားရှာသော Yeol တစ်ယောက်ရယ်ပါ
"ကိုကို ရှောင်လုက ဘတ်ကို ထားသွားတယ် "
"ဘာ!!! သမင်ကောင် က ငါ့ ကလေးကို ထားသွားတယ် ။ လုပ်ရက်လိုက်တာ ။ အခု ဘတ်ကလေး ဘယ်နားမှာလဲ ။ ကို့ကို ပြော ။ ကိုအခုချက်ခြင်းလာခေါ်မယ် ။ အဲ့ ဒီနားမှာပဲ လုံးဝ မလှုပ်ပဲ စောင့်နေ သိလား "
တရှူးရှူးနဲ့ ဒေါသတွေထွက်ရင်း စိတ်ပူနေသော Yeol ကြောင့် ဘတ်တစ်ယောက် ပီတိတွေ ဖြာနေရင်း ~
"နေ့လည်စာ စားဖို့ Canteen သွားရင်း သူ့လူကြီးက ခေါ်သွားတာနဲ့ ဘတ်ကို ဒီတိုင်းထားသွားတယ်လေ "
"ငင့်~ဘတ်ကလေးရယ် ကိုယ့်မှာတော့ မသိတဲ့ နေရာတွေမှာများထားခဲ့လို့ လမ်းများပျောက်နေတာလားဆိုပြီး စိတ်ပူလိုက်ရတာ "
BẠN ĐANG ĐỌC
But I still loving you(Complete)
Lãng mạnHun - မင်းပျော်ဖို့ဆိုရင် ဘယ်လိုကိစ္စမျိုးမဆို ရင်နဲ့ရင်းပြီး ဖြည့်ဆည်းသွားမှာပါ ။ ကိုယ့်ရင်ကို ခွဲသွားမယ်ဆိုရင်လဲ But I still loving you Han -အရမ်းပြည့်စုံအောင် မချစ်ပြပါနဲ့လား တစ်နေ့ကြရင် ရုံးမထွက်နိုင်မှာ စိုးလို့ပါ-But wanna stay beside you