EP 15

2.5K 143 4
                                    

But I Still Loving You

EP-15

Hunhan 

ဖွင့်ပြောစရာမလိုသော နားလည်မှု နောက်ကွယ်မှာ ကျတော်နဲ့ ကလေးတို့ Relation တစ်ခု တည်ဆောက်ခဲ့ကြသည် ။ Oh Group & Wu Galaxy ရဲ့ပေါင်းစည်းမှု လို့ သိမှတ်ထားသော ကျတော်တို့ ရဲ့ Relation ဟာ ဖြောင့်ဖြူးခဲ့တယ်လို့ ပြောရမလား ။ Wu Kris ရဲ့ တောင်းဆိုမှု ကြောင့် ကျတော့ အိမ်မှာ လာနေသော ဆက်ခံသူလေး ရှောင်လုဟာ ကျတော့်ချစ်သူ ဖြစ်နေမယ်ဆိုတာ ဘယ်မီဒီယာက ရိပ်မိပါ့မလဲ ။ အပြင်ပိုင်းအရ Cool Guy , Sannamja ဖြစ်သော ကျတော်တို့ က တော့ အင်မတန် ရင်းနှီးသော ညီအစ်ကို ဆက်ဆံရေးလို့ သတ်မှတ်ကာ ပတ်ဝန်းကျင်နဲ့ မီဒီယာ အောက်ကနေ လွတ်ထွက်နေခဲ့ပါသည် ။

CEO Oh Sehum ရဲ့ အနာဂတ်လက်တွဲဖော်က ဘယ်လိုအနေထား ဖြစ်မလဲ ဆိုတာ ပြောပြပေးပါဦး

ဟုတ်ကဲ့ ကျတော်အတွက် အရေးကြီးဆုံးကတော့ အရာအားလုံးထက် စိတ်ရင်းက အဓိကကျပါတယ် ။ ပြောချင်တာက ကျတော် ရင်နဲ့ ရင်းပြီး ချစ်ရမယ့် သူမျိုးကိုပဲ ရွေးသွားမှာပါ ။

ဒါဆိုရင် Oh Sehun က နောက်ခံအသိုင်းဝိုင်းကို မကြည့်ပဲ အချစ် တစ်ခုထဲကို ရှေ့ တန်းတင်ပြီးေ၇ွးချယ်မယ်လို့ ပြောချင်တာပေါ့

အဲ့ဒီလို ပြောလို့လဲ ရပါတယ် ။ ဘာလို့လဲဆိုတော့ ယောက်ကျားလေး ဖြစ်တဲ့ ကျတော်ကပဲ ရှာကျွေးရမှာ ဆိုတော့ ပိုင်ဆိုင်မှုက အရေးမကြီးဘူးပေါ့နော် ..

Ideal Type ကရော ဘယ်လို ပုံစံဖြစ်ရမလဲ

ဆံပင်ရှည်ရှည်လေးနဲ့ တည်ငြိမ်ပြီး အိမ်မှု ကိစတွေ နိုင်နင်းရမယ် အရာအားလုံးထက် မိသားစုကို ဂရုစိုက်တဲ့ သူမျိုးပေါ့

ဒါဆိုရင် မိန်းမ ဆန်တဲ့ ပုံစံမျိုးကို ပိုသဘောကျတယ်ပေါ့ ...

တွီ~~~~

Sehun Interview ကို ကြည့်နေရင်း ရှောင်လု ဒေါသကြီးစွာ TV ကို ပိတ်ချလိုက်ပြီး remote ကို လွှင့်ပစ်လိုက်လေသည် ။

အိုဆဲဟွန်း အဘိုးကြီး ~ဒင်းက ငါ တစ်ယောက်လုံးရှိနေတာတောင် ဆံပင်ရှည်ရှည်နဲ့ မိန်းမကို စိတ်ကူးယဉ်နေတာပေါ့

But I still loving you(Complete)Onde histórias criam vida. Descubra agora