But I Still Loving You
Ep 18
Hunhan
(Rate M)ဆဲဟွန်းရဲ့ ကားသော့ပျောက်တဲ့ ကိစ္စကတော့ မနက်ကြမှ ဘွားဘွားကြီးပေါ်ကာ သမင်လေး ရှောင်လုကတော့ စိတ်ကောက်သွားလေရဲ့ ....
တတ်နိုင်ဘူး ချော့ရတော့မှာဘဲ ...ဒင်းလေးက ကိုယ့်ကို ချောင်ပိတ်နှင်လွှတ်မှတော့ လူရည်လည် စီးပွားရေး ပညာရှင် ဆဲဟွန်းက ခေါင်းငုံ့ခံနေမလားတဲ့...နည်းနည်းတော့ ညစ်ရတော့တာပေါ့လေ
ကားမောင်းကာ အိမ်ပြန်လာတဲ့ တစ်လျောက်လုံး နားကြပ်ကို နားထဲ ထိုးထည့်ပြီး စူပုတ်ပွကာ ထိုင်လိုက်လာသော ရှောင်လုကို ဆဲဟွန်းအသဲလဲယား ချစ်လဲ ချစ် ရီလဲ ရီချင်နေပါသည် ။ သို့ပေမယ့် မရီရဲပါ~ စိတ်ကောက်ရင် ရှင်းရခက်အောင် အင်မတန် ရစ်ပြီး အနားမကပ်ခိုင်းမှ ဒုက္ခတွေ များသွားမှာ ပိုကြောက်သည် ။အခုလဲ အလုပ်ရှိသည် အကြောင်းပြပြီး သူ့ မိဘတွေ ဆီက ညာပြီး ခေါ်ထုတ်လာတဲ့ အပြစ်က ရှိနေသေးလို့ ဆင်ခြင် မျက်နှာချိုသွေးမှ ဖြစ်မည်
"ရှောင်လု........"
ငင့်~ အဖက်ကို မလုပ်ပါလား ။ မကြားများ မကြားလေသလား ။
"ရှောင်လု ကလေးလေး "~ ထပ်ခေါ်လိုက်သည်
တုတ်တုတ်မှ မလှုပ်
သျဲလေး ~ကားမောင်းနေရင်း ဆဲဟွန်း ပြောပြောဆိုဆို ရှောင်လု မေးလေးကို လက်ကလေးနဲ့ ဆွဲယူကာ ခေါ်လိုက်သည် ။
ရှောင်လု ဖြတ်ခနဲ့ လက်ကို ရိုက်ချလိုက်ရင်း"အိုဆဲဟွန်း ~ ပြောစရာရှိရင် ပါးစပ်နဲ့ပြော လက်မပါနဲ့ "
"အေးပါကွာ~ကလေးက ကိုခေါ်တာမှ မကြားတာ "
"ဘာပြောမလို့လဲ ~ ပြောမှာသာ ပြောစမ်းဘာ။ နားမကန်းဘူး "စောင့်အောင့်ထွက်လာသော အသံနဲ့ အတူ နှုတ်ခမ်းက တစ်တောင်လောက် စူလို့
"ကလေး ဘာစားချင်လဲ ဘယ်သွားချင်သေးလဲ "
"ဘာမှလဲ မစားချင်ဘူး ဘယ်မှလဲ မသွားချင်ဘူး "
အမှန်တော့ ရှောင်လုက ဂျစ်တိုက်တာပါ ။ဒါပေမယ့် အကြံသမား အိုဆဲဟွန်း ကြားချင်တာလဲ ဒီအဖြေပေမယ့် ...သိသာသွားမဆိုးလို့

ESTÁS LEYENDO
But I still loving you(Complete)
RomanceHun - မင်းပျော်ဖို့ဆိုရင် ဘယ်လိုကိစ္စမျိုးမဆို ရင်နဲ့ရင်းပြီး ဖြည့်ဆည်းသွားမှာပါ ။ ကိုယ့်ရင်ကို ခွဲသွားမယ်ဆိုရင်လဲ But I still loving you Han -အရမ်းပြည့်စုံအောင် မချစ်ပြပါနဲ့လား တစ်နေ့ကြရင် ရုံးမထွက်နိုင်မှာ စိုးလို့ပါ-But wanna stay beside you