Part 1

43.9K 1.3K 23
                                    

ကောင်းကင်​ရဲ့တိမ်
"​ကောင်းကင်​" ဆိုတဲ့​အေး​အေး​ဆေး​ဆေး​​အ​ချေဒီဇိုင်းနဲ့​နေတဲ့အပြင်​သူ့ရဲ့​ချော​မောပြီး​ယောင်္ကျားပီသတဲ့ရုပ်​ရည်​၊bodyကိုပိုင်​ဆိုင်​ထားတဲ့အပြင်​မြန်​မာနိုင်​ငံရဲ့အကြီးဆုံးလုပ်​ငန်းစုပိုင်​ရှင်​"ဦး​နေမင်း+​ဒေါ်လပြည့်​ဝန်း"တို့ရဲ့တစ်​ဦးတည်း​သောသားလည်းဖြစ်​ မိဘထဲကအရင်းအနှီးမ​တောင်းဘဲကိုယ်​ပိုင်​အစွမ်းအစနဲ့တည်​​ထောင်​ထားတဲ့ Hotel(3)လုံး၊ Restaurantတစ်​ခု၊နာမည်​ကြီး Chief cook တစ်​ဦးဖြစ်​တဲ့သူဟာ ပျိုတိုင်းကြိုက်​တဲ့နှင်းဆီခိုင်​ တစ်​​ယောက်​ဖြစ်​​နေတာအဆန်း​တော့မဟုတ်​ ဆန်းတာကယခုအသက်​(၂၅)နှစ်​ရှိ​နေသည့်​တိုင်​ရည်းစားတစ်​​ယောက်​မှမရှိ ဒါ​ကြောင့်​အ​မေဖြစ်​သူက အဆင်​​ပြေမယ့်​မိန်းက​လေးရှာ​ပေးမယ်ဆိုပေမဲ့မိန်းမမလိုချင်သေးဘူး ခေါင်း​စဉ်​တပ်​ပြီးအားတဲ့အချိန်​တိုင်း​သူငယ်​ချင်း​တွေနဲ့အချိန်​ကုန်​ဖြစ်​ခဲ့သည်​။"ကောင်းကင်"အခုတလောအလုပ်မရှိအားယား​နေတာ​ကြောင့်​အိမ်​မှာစာအုပ်​ဖတ်​လိုက်​၊Tvကြည့်​လိုက်​၊game​ဆော့လိုက်​ဖြင့်​သာအချိန်​ဖြုန်း​နေမိသည်​။Hotel နဲ့ restaurant ကလည်းတစ်​ပတ်​ကိုနှစ်​ရက်​၊သုံးရက်​​လောက်​သာ သွားကြည့်​စရာလိုသည်​။
🎶🎶🎶🎶 🎵🎵🎵
Phone ringtone သံ​ကြောင့်​ contact ကိုကြည့်​​တော့ မကြာခင်​မိန်းမယူ​တော့မယ့်​ငယ်​သူငယ်​ချင်း​ကောင်းယံ
"Hello"
"​ဟေ့​ကောင်​ကောင်းကင်​ မင်းအားလား "
"ဘာခိုင်းမလို့်​လဲကွ "
"မင်းကလည်းကွာ မင်းကိုခိုင်းစရာရှိမှငါကဖုန်းဆက်​​တဲ့အတိုင်းဘဲ"
"မဟုတ်​လို့လား မိန်းမယူ​တော့မယ်​ဆိုကတည်းက မင်းငါ့ဆီကိုဖုန်းဘယ်​နှ​ခေါက်​ဆက်​လို့လဲ"
"ဟီး ဟီး ငါမင်းကိုမခိုင်းပါဘူးကွ အကူအညီ​တောင်းမလို့ ငါတို့ကိုငါ့ညီမသူငယ်​ချင်းဆီလိုက်​ပို့​ပေးခိုင်းမလို့"
"မင်းကားကဘယ်​​ရောက်​သွားလို့လဲ ​နောက်​ပြီးမင်းညီမကသူ့သူငယ်​ချင်းဆီသွားတာကိုမင်းကဘာလိုက်​လုပ်​မှာလဲ"
"ငါ့ကားက မ​တော်​ရ​သေးတဲ့ငါ့​​ယောက္ခမနဲ့​ယောက်​ဖကဖိတ်​စာသွား​ဝေ​မလို့ဆိုပြီးယူသွား​လေရဲ့ ​ဖေ​ဖေနဲ့​မေ​မေ ကလည်းမင်္ဂလာဆွမ်းကပ်​လုပ်​မယ့်​ဘုန်းကြီး​ကျောငိးကိုသွား​တော့ကားယူသွားတယ်​ အဲဒါ​ကြောင့်​မင်းကိုအကူအညီလှမ်း​တောင်းတာ ငါ့ညီမဝတ်​ရည်​ရဲ့သူငယ်​ချင်းအ​မေက မင်္ဂလာ​ဆောင်ေ​တွမှာစီစဉ်​​ရေးမှူးလုပ်​​​တာ အဲဒါ​ကြောင့်​သွားတိုင်​ပင်​မလို့"
"​အေးပါကွာ နာရီဝက်​​လောက်​​နေရင်​ငါလာခဲ့မယ်​"
"​အေး ​အေး"
ကောင်းကင်​ ​ရေမိုးချိုးကာ Shirt အပြာနု နှင့်​ ဂျင်း​ဘောင်းဘီအရှည်ဝတ်​ပြီး ​ကောင်းယံတို့အိမ်​ကိုထွက်​လာခဲ့သည်​။ကောင်းယံတို့အိမ်​​ရောက်​​တော့ ​ကောင်းယံရဲ့ညီမဖြစ်​သူ ဝတ်​ရည်​ ထွက်​လာကာ
"ကိုကြီး​ကောင်းကင်​ ​ရောက်​​လာပြီဘဲ ကိုကို​ရေ ကိုကြီး​ကောင်းကင်​​​ရောက်​ပြီ"
"​အေး လာပြီ"
ကား​ပေါ်​ရောက်​​တော့ မ​မောင်းဘဲထိုင်​​နေတဲ့သူ့ကို
"​​ဟေ့​ကောင်​ ​မောင်း​လေကွာ"
"မင်းကဘယ်​​နေရာလဲမ​ပြောဘဲ ငါကဘယ်​ကို​မောင်းရမှာလဲကွ "
"​အေး ဟုတ်​သားဘဲ ​ဝတ်​ရည်​ ​ပြောလိုက်​​လေဘယ်​လမ်းလဲဆိုတာ"
".......အာ့ကို​မောင်း ကိုကြီး"
နာရီဝက်​၊​၄၅ မိနစ်​​လောက်​​မောင်းပြီးအိမ်​တစ်​အိမ်​​ရှေ့်​ရောက်​​တော့
"​ဟေ့ ဝတ်​ရည်​အဲ့ဒီ့အိမ်​လား"
"ဟုတ်​တယ်​ ကိုကြီး"
ကောင်းကင်​ခြံ်​​လေးကိုကြည့်​လိုက်​​တော့ အိမ်​​လေးက​နေချင်​စဖွယ်​​လေး ခြံထဲမှာနှင်းဆီပင်​​တွေနဲ့အခြားပန်း​တွေကိုပုံ​လေး​ဖော်​ပြီးစိုက်​ထားသည်​။သေချာဒီဇိုင်းဆွဲပီး​ဆောက်​ထားပုံရသည်​။
"​ဟေ့​ကောင်​ လာ​လေ ဘာ​တွေရပ်​ကြည့်​​နေတာလဲ"
ကောင်းယံလှမ်း​ခေါ်မှ သူ​ငေး​နေတာရပ်​ပြီးအိမ်​ထဲဠိုက်​ဝင်​လိုက်​သည်​။အိမ်​အတွင်းဒီဇိုင်းကလည်း​တော်​​တော်​လှသည်​ဒီဇိုင်းဆွဲတဲ့လူ​တော်​​တယ်​လို့​တောင်​မှတ်​ချက်​​ပေးမိသည်​။သူအိမ်​ထဲကိုကြည့်​ကာ​တွေး​နေတုန်း​ အခန်းတစ်ခုထဲက​​အန်​တီတစ်​​ယောက်​ထွက်​လာသည်​ အဲ့ဒီ့အန်​တီကိုမြင်​​တော့ဝတ်​ရည်​က
"အန်​တီ​မေ တိမ်​လွှာရှိလား"
"​အေး ရှိတယ်​သမီး မီးဖို​ချောင်​ထဲမှာကိတ်​မုန့်​လုပ်​​နေတယ်​"
"အဲ့ဒါဆို သမီးသူ့ဆီလိုက်​သွားလိုက်​ဦးမယ်
ကိုကို နဲ့စကား​ပြောလိုက်​ကြဦး​နော်​"
ပြော​ပြောဆိုဆိုနဲ့ဝတ်​ရည်​မီးဖိုထဲကဆုန်​​ပေါက်​ပြီးဝင်​သွားသည်​။ကောင်းယံနဲ့အန်​တီက မင်္ဂလာ​ဆောင်​မှာပြင်​ဖို့ဆင်​ဖို့​တွေ​ပြော​နေကြ​တော့ ​ကောင်းကင်​လည်းဘာလုပ်​ရမှန်းမသိဖုန်းပွတ်​ဖို့စဉ်းစား​တော့လည်း လူကြီး​ရှေ့ရိုင်းရာကျသွားမှာစိုးလို့သူတို့​ပြောတာ​တွေဘဲနား​ထောင်​​နေလိုက်​သည်​။
"​မောင်​​ကောင်းယံတို့ မင်္ဂလာအိပ်​ခန်းကဘယ်​လိုလုပ်​မလဲ အိမ်​မှာဘဲပြင်​မှာလား၊ Hotel မှာဘဲအပ်​မလား"
"မင်္ဂလာအိပ်​ခန်းအတွက်​က ကျွန်​​တော့်​သူငယ်​ချင်းကသူ့ hotel ...... မှာအခန်းတစ်​ခန်းလက်​ဖွဲ့​ပေးတာ "
ကောင်းယံက​သူ့ပခုံးကိုဖက်​ပြီး​ပြော​တော့ အန်​တီကသူ့ကိုရယ်​ပြပြီး
".....hotel ပိုင်​ရှင်​ကိုမြင်​ဖူးချင်​​နေတာ သားကငယ်​​ငယ်​​လေးနဲ့​တော်​​တော်​ ​တော်​တာဘဲ Hotel (3)လုံးနဲ့ Restaurant တစ်​ခုကိုဦးစီးတယ်​ဆိုတာ​တော်​ရုံအရည်​အချင်းနဲ့မရဘူးသားရဲ့ အန်​တီ့သားဆိုအဲဒီ့လိုမျိုးစီးပွား​ရေးလုပ်ဖို့ဘယ်လိုမှပြောမရဘူးသူ့အဖေရဲ့ကုမ္မဏီမှာဝင်​လုပ်​လို့​ပြောလည်းမလုပ်​ဘူး ကိတ်​မုန့်​ဖုတ်​တာ၊အင်္ကျီဒီဇိုင်းဆွဲတာ၊အိမ်​ဒီဇိုင်းဆွဲတာကလွဲရင်​ဘာမှခိုင်းမရဘူး ​ပြောလိုက်​ရင်​ဝါသနာမပါဘူးချည်းဘဲ"
"အန်တီ့သားက ​အိမ်​ဒီဇိုင်းဆွဲတတ်​တယ်​လား"
"​အေး ဆွဲတတ်​တယ်​သားရဲ့ ဒီအိမ်​နဲ့ခြံကလည်းသာဘဲဒီဇိုင်းဆွဲထားတာ သား​ကောင်းယံတို့လက်​ထပ်​ပြီးရင်​​နေမယ့်​အိမ်​ကိုလည်းသူဘဲဒီဇိုင်းဆွဲ​ပေးတာ"
"အန်​တီ့သားလည်း​တော်​ပါတယ်​ ကျွန်​​တော်​​တောင်​ဒီအိမ်​နဲ့ခြံရဲ့ဒီဇိုင်းကို​တော်​​တော်​သ​ဘောကျ​နေတာ"
ကောင်းကင်​တို့စကား​ပြော​နေတုန်း ဝတ်​ရည်​ မီးဖိုထဲကထွက်​လာပြီးသူနဲ့​ကောင်းယံတို့ထိုင်​​နေတဲ့ခုံ​ရှေ့မှာထိုင်​ပြီး
"အန်​တီ​မေ အန်​တီ​မေမိန်းက​လေးနဲ့​ယောင်္ကျား​လေးမှား​မွေးထားတာလား"
"​ဟေ ဘာလို့လဲသမီးရဲ့"
"​အော်​ ဘာမှမဖြစ်​ပါဘူး တိမ်​ကမိန်းက​လေးအလုပ်​မှန်​သမျှအကုန်​လုပ်​တတ်​တယ်​​နော်​"
"ဟဲ့ ဝတ်​ရည်​မ နင်​ငါ့အတင်းတုပ်​​နေတာလား"
ဆိုတဲ့အသံနဲ့အတူထွက်​လာတဲ့သူကို​ကောင်းကင်​ လှမ်းကြည့်​လိုက်​မိသည်​။ဆံပင်​​အညို​ရောင်​​လေးမှာ​ရွှေအို​ရောင်​​ဖောက်​ထားပြီး ဂုတ်​​ထောက်​​နေတဲ့ဆံပင်​ကိုတစ်​ဝက်​စည်းထားသည်​။ အသားဖြူဖြူပိန်​ပိန်​သွယ်​သွယ်​ခန္ဓာကိုယ်​​လေးမှာ စပို့ရှပ်​အနက်​​ရောင်​​လေးနဲ့​ဘောင်းဘီ​ဒူး​လောက်​​လေးကိုဝတ်​ထားပြီးမျက်​နှာ​လေးကမိန်းမ​ချော​ချော​တာကိုဆံပင်​ရှည်​နဲ့ဆို​တောု့တ်​တရက်​ကြည့်​လိုက်​ရင် မိန်းက​လေးနဲ့တူသည်​ အသံသာမကြားလိုက်​ရရင်​မိန်းက​လေးလို့ထင်​မိမှာအမှန်​ပင်​။ အာ့က​လေးကဝတ်​ရည်​သူငယ်​ချင်းဆို​တော့ သူ့ထက်​နှစ်​နှစ်​ငယ်​တာ​ပေါ့

ဝေဖန်​​ပေးကြပါဦး​နော်​ 😘😘

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Where stories live. Discover now