Part 4

11.8K 774 24
                                    

................​ကောင်းကင်​...........
ကောင်းယံကသူ့မင်္ဂလာ​ဆောင်​မှာ သတို့သားအရံလုပ်​ဖို့​ပြောထားတာ​ကြောင့်​ ​ကောင်းကင်​ မနက်​ 6:30 ​​လောက်​ Hotel ကိုသွားဖို့စဉ်းစားလိုက်​​ပေမဲ့ Wedding က သူ့Hotelမှာလုပ်​မှာမို့ မနက်​ 5:30 ​လောက်​လာခဲ့လိုက်​သည်​။ ​ကောင်းကင်​ ပွဲအတွက်​ပြင်​ထားတာ​တွေ​ကော လက်​ဖွဲ့ဖို့လုပ်​ထားတဲ့မင်္ဂလာအိပ်​ခန်းအဆင်​​ပြေမ​ပြေ​ကော Hotel သန့်​ရှင်း​ရေး​ကော လိုက်​ကြည့်​​ပေး​နေရတာ​ကြောင့်​ 6:15 ​လောက်​ကျ​တော့ ပွဲစီစဉ်​​ပေးတဲ့ တိမ်​လွှာဆိုတဲ့​ကောင်​​လေးရဲ့အ​မေ အန်​တီ​မေသဇင်​​ရောက်​လာတာ​ကြောင့်​ ​ကောင်းကင်​ မအားတဲ့ကြားက​တောင်​ ဟို​ကောင်​​လေးကိုလိုက်​ရှာ​နေမိသည်​။ ​တွေ့ပါပြီ လက်​ကအထုပ်​​ပေါင်းစုံနဲ့ ​​​ပြေးသွားတဲ့ကောင်​​လေးကိုကြည့်​ပြီး ပြုံးလိုက်​မိသည်​။
🎶🎶🎶🎶🎶🎶🎵🎵🎵🎵🎵
"​အေး ​ကောင်းယံ ​ပြော"

"မင်းဘယ်​​ရောက်​​နေတာလဲ အက်ျင်္ီလဲဖို့လာ​တော့​လေ"

"​အေး လာပြီ "

ကောင်းကင်​ ပြင်​ဆင်​အင်္ကျီလဲပီး နာရီကြည့်​လိုက်​​တော့ 8:00 သူထပြီး​ခန်းမထဲသွားဖို့လုပ်​​တော့ ဝတ်​ရည်​ ဝင်​လာပြီး

"အစ်​ကို​ရေ ဟိုဘက်​ခန်းထဲက သတို့သမီးအရံကိုသွား​ခေါ်ပြီးနှစ်​​ယောက်​တူတူလာခဲ့​တော့​နော်​"

"​အေး ​ခေါ်လာခဲ့မယ်​ "
ကောင်းကင်​ သတို့သမီးအရံကို​သွား​ခေါ်ဖို့ ထွက်​လာခဲ့သည်​။

"Knock knock"

"ဘယ်​သူလဲ"
(​​ကောင်းကင်💭💭 )​​"အသံကိုကြားဖူးသလိုလိုဘဲ"

"ဟို သတို့သမီးအရံလုပ်​မယ့်​သူလား ပွဲချိန်​နီး​နေပြီမို့လို့ ခန်းမထဲသွားရ​အောင်​လာ​ခေါ်တာ"

"​အော်​ ကို​ကောင်းကင်​လား  ဝင်​ခဲ့​လေ တိမ်​ ဆံပင်​နည်းနည်းပြင်​စရာကျန်​​သေးလို့"
(​ကောင်းကင်​ 💭💭) "ဟင်​! တိမ်​ ဆိုပါလား"
ကောင်းကင်​​ကြောင်​​တောင်​​တောင်​ဖြစ်​သွားပြီး အခန်းထဲဝင်​သွားလိုက်​​တော့ မှန်​​ရှေ့မှာအလှပြင်​​နေတဲ့ ​ကောင်​မ​လေး မှန်​ထဲကမျက်​နှာကိုလှမ်းကြည့်​လိုက်​​တော့ သူ့အ​တွေးထဲမှာစိုးမိုး​နေတဲ့ တိမ်​လွှာဆိုတဲ့က​လေး make-up ​ကြောင့်​ရုပ်​နည်းနည်း​ပြောင်းသွားတာကလွဲရင်​ အာ့က​လေးမှအာ့က​လေးအစစ်
(​ကောင်းကင်​ 💭💭)"အယ်​ ​ဘာ​တွေဖြစ်​ကုန်​တာလဲ"

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Donde viven las historias. Descúbrelo ahora