Part 16(Unicode)

2.7K 161 0
                                    

ကောင်းကင် မနက်အိပ်ရာနိုးကတည်းက ဂဏာမငြိမ်ဖြစ်နေသည်။

နိုးနေတာကလည်း မနက် 4:30 လောက်ကနိုးနေပြီး ပြန်မအိပ်ပျော်တော့တာကြောင့် ခုတင်ပေါ်မှာ ဟိုလှိမ့်ဒီလိမ့်လုပ်နေသည်။

လှိမ့့်လို့အားရမှ ဘေးနားမှာ တိမ်လွှာအိပ်နေမှန်းသတိရသွားတာကြောင့် နိုးသွားသလားလို့ကြည့်လိုက်တော့ ဟိုကအိပ်နေတာ အဟောက်တောင်မပျက် ဖြစ်သင့်ပါတယ်

သူကအဖြေရမယ့်လူ ဆိုတော့စိတ်လှုပ်ရှားနေတာဖြစ်သင့်ပါတယ်။

ကောင်းကင် အိပ်ရာပေါ်မှာဟိုတွေးဒီတွေးတွေးလိုက်၊ ဖုန်းဖွင့်ပြီး facebook သုံးလိုက၊် အိပ်ရာပေါ်ကထပြီးလမ်းလျှောက်လိုက်၊ အခန်းပြင်ထွက်ပြီးလမ်းလျှောက်လိုက်၊ နားကြပ်တပ်ပြီးသီချင်းနားထောင်လိုက် လုပ်ပြီးအချိန်ဖြန်းနေမိသည်။

ညကလည်း တိမ်လွှာအိပ်ပြီး တစ်နာရီလောက်နေမှဝင်အိပ်ဖြစ်သည် အိပ်ခါနီးနာရီကြည့်လိုက်တော့ 11:45 ရှိနေသည်။

7:15 လောက်ကျ ကောင်းကင် ပြန်အိပ်ပျော်မလိုဖြစ်နေတုန်း

🎵🎵🎵🎵🎶🎶🎶🎶🎶🎶

"Shit ဘယ်သူလဲကွာမနက်စောစောစီးစီး"

📱"Hello"

"Boss အိပ်တုန်းလားခင်ဗျ"

"ရတယ် ပြော ဘာကိစ္စလဲ"

"Receptionists မှာဧည့်သည်တစ်ယောက်ရောက်နေတယ်ခင်ဗျ အဲ့ဒါ Boss ကိုတွေ့ချင်လို့တဲ့"

"ဘယ်သူလဲ သူကငါဒီကိုရောက်နေမှန်းဘယ်လိုသိသွားတာလဲ"

"Boss အဖေလွှတ်လိုက်တာလို့ပြောပါတယ်ခင်ဗျ"

"အေး ခဏစောင့်ခိုင်းထားလိုက် ငါဆင်းလာခဲ့မယ်"📱

"Daddy ကလည်း အပန်းဖြေခရီးထွက်လာတာတောင် ဧည့်သည်ကိုတွေ့ခိုင်းနေသေးတယ် "

ကောင်းကင် ရေမြန်မြန်ချိုးပြီး အကျႌလဲနေတုန်း

"အစ်ကို အစောကြီးဘယ်သွားမလို့လဲ"

"ဪ ချာတိတ်နိုးသွားတာလား ကိုယ်အောက်ထပ်မှာ အရေးကြီးဧည့်သည်တွေ့စရာရှိလို့ သွားမလို့ ချာတိတ်ပြန်အိပ်ဦးမှာလား"

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Hikayelerin yaşadığı yer. Şimdi keşfedin