Part 2

19.7K 885 10
                                    

အ​ရေးအသားကရှုပ်​​နေမယ်​ထင်​တယ်​ အခုမှစ​ရေးတာမို့ခွင့်​လွှတ်​ပါ သည်းခံဖတ်​​ပေးကြတဲ့ချစ်​တို့ကိုလည်း​ကျေးဇူးအထူးတင်​ပါတယ်​ 😘😘

.....................ကောင်းကင်​..................
ကောင်းကင်​ အားရပါးရငမ်း​ကာ​စိတ်​ထဲက​ဝေဖန်​​နေတုန်း သူ့ကိုပြုံးပြလာသည့်​ထိုက​လေး​ကြောင့်​ သူလည်းသူခိုးလူမိဖြစ်​သွားပြီ ရှက်​ရှက်​နဲ့ရယ်​ပြလိုက်​မိသည်​။ကောင်းကင်​​ဘဝမှာ​ ယောင်္ကျား​လေးတစ်​​ယောက်​ကိုခြေဆုံး​ခေါင်းဆုံးကြည့်​ကာ​ဝေဖန်​မိတာ ဒီအကြိမ်​ကပထမဆုံးဖြစ်​သည်။ မိန်းက​လေး​တွေက်ု​တောင်​​ခြေဆုံး​ခေါင်းဆုံးမကြည့်​ဖူးခဲ့တာ ဒီ​ကောင်​​လေးကိုမှ​ခြေဆုံး​ခေါင်းဆုံးကြည့်​ပြီး မှတ်​ချက်​​တွေ​ပေး​နေမိသည့်​ ကိုယ့်​ကိုကိုယ်​လည်းစဉ်းစားမရ​တော့။
"ဟဲ့တိမ်​ ငါနင့်​ကိုမိတ်​ဆက်​​ပေးစရာရှိတယ်​ ဒီမှာငါ့ကိုကြီးရဲ့အချစ်​ဆုံးသူငယ်​ချင်း ​ကောင်းကင်​တဲ့"
ဝတ်​ရည်​က မိတ်​ဆက်​​ပေးတာ​ကြောင့်
"​တွေ့ရတာဝမ်းသာပါတယ်​ညီ ကိုယ့်​ကိုလည်း​ကောင်းယံတို့​ကိုခင်​သလိုခင်​နိုင်​ပါတယ်​ အကူအညီလိုလည်း​​ပြော​ပေါ့"
ကောင်းကင်​​ပြော​ပြောဆိုဆို လက်​ဆွဲနှုတ်​ဆက်​ဖို့လက်​တစ်​ဖက်​ကမ်းလိုက်​​တော့
"ဟုတ်​ တိမ်​လည်း​တွေ့ရတာဝမ်းသာပါတယ်​ "
ဆိုတဲ့အသံ​လေးနဲ့အတူ သူ့ရဲ့လက်​တစ်​ဖက်​ကိုလာထိတဲ့နူးညံတဲ့ အထိအ​တွေ့​ကြောင့်​ ကိုင်​ထားမိတဲ့လက်​​လေးကို မလွှတ်​​ချင်​လွှတ်​ချင်​နဲ့နှ​မြောတသစွာလွှတ်​လိုက်​ရသည်​။အဲ့ဒီ​နောက်​ပိုင်း တိမ်နဲ့​ဘာစကားမှဆက်​မ​ပြောဖြစ်​ဘဲ ​ကောင်းယံနဲ့အန်​တီစကား​ပြောပြီးတာနဲ့ ​ကောင်းယံတို့​မောင်​နှမနှစ်​​ယောက်​ကိုအိမ်​ပြန်​ပို့ပြီး​ ​ကောင်းကင်​အိမ်​ပြန်​လာခဲသည်​။
....................တိမ်​လွှာ..................
ဝတ်​ရည်​တို့ပြန်​သွားတာနဲ့ တိမ်​ ကိတ်​မုန့်​ဆက်​လုပ်​ရန်​ မီးဖိုထဲပြန်​ဝင်​လာခဲ့သည်​။မုန့်​လုပ်​​နေရင်း ကို​ကောင်းယံသူငယ်​ချင်းဆိုသည့်​ လူကြီးကိုမြင်​​ယောင်​လာသည်​။တိမ်​ မီးဖိုထဲကထွက်​လာကတည်းက စား​တော့ဝါး​တော့မတတ်​မျက်​လုံးကြီး​တွေနဲ့ ကြည့်​​နေတာကိုလည်း တိမ်​ သတိထားမိသည်​။တိမ်​ ရယ်​ပြလိုက်​မှ ရှက်​ရမ်းရမ်းပြီးသွား၃၂​ချောင်းလုံး​ပေါ်​အောင်​ရယ်​ပြ​နေတာ​ကြောင့်​ တိမ်​ ရယ်​ချင်​စိတ်​ကိုမနည်းထိန်းထားရသည်​။
တိမ်​ ပြန်​​တွေးပြီးရယ်​​နေမိသည်
🎶🎶🎶🎵🎵🎵🎶🎶🎵🎵
ဖုန်းသံ​ကြောင့်​ တိမ်​ contact ကိုကြည့်​​တော့ ဝတ်​ရည်
"​ပြော ဝတ်​ရည်​ဘာဖြစ်​လို့လဲ"
"နင့်​ကို​မေးဖို့​မေ့ခဲ့လို့ ငါ့အင်္ကျီရပြီလား"
"မရ​သေးဘူး သဘက်​ခါ​ရမယ်​​ပြောတယ်​"
"ကြည့်​လုပ်​ဦးဟ မင်္ဂလာ​ဆောင်​က ​လေးရက်​ဘဲလို​တော့​တာ အင်္ကျီကဝတ်​ကြည့်​ရမှာနဲ့ပြင်​မှာနဲ့"
"ရပါတယ်​ဟ စိတ်​ပူမ​နေနဲ့ wedding ​နေ့အဆင်​​ပြေရင်​ပြီးတာဘဲမလား"
"​အေးပါ နင်​ယူ​ပေးထား​နော်​ ဒါနဲ့wedding​နေ့ကျ နင်​ငါ့ကို make-up ပြင်​​ပေးရမှာ​နော်​"
"ဝတ်​ရည်​မ နင်​ငါ့ကိုမာမီများ​အောက်​​မေ့​နေလား အင်္ကျီဒီဇိုင်းဆွဲ​ပေးတာ မလုံ​လောက်​လို့ငါ့ကိုmake-upပါပြင်​ခိုင်း​နေတာလား အင်္ကျီကနင့်​ဘာနင်​သွားယူပါလား ငါကဘာကိစ္စယူ​ပေးရမှာလဲ"
"မဟုတ်​ပါဘူးဟယ်​ ငါကနင်​ပြင်​​ပေးတာကိုကြိုက်​လို့ပါ လုပ်ပါဟယ် ငါတို့​ချောင်းသာသွားရင်​ နင်​လိုက်​မှာ​လေ ငါတို့​ချောင်းသာမှာ​နေတဲ့ ​​​လေးညအိပ်​ငါးရက်​လုံး နင့်​ရဲ့လမ်းစရိတ်​၊စားစရိတ်​ငါ​ပေးပါ့မယ်​ဟယ်​ ​နော်​ ​နော်​ ပြီး​တော့ ငါကနက်​ဖြန်​ဆံပင်​သွားလုပ်​ရဦးမှာသဘက်​ခါကမကြာခင်တော်ရတော့မယ့်ယောက်မနဲ့shoppingထွက်​မလို့အပြန်​ငါဝင်​ယူပါ့မယ်​"
"​အေးပါ မင်္ဂလာ​ဆောင်​မှာနင်​လားနင့်​အစ်​ကိုလားမသဲကွဲဘူး ဒါနဲ့နင်​​ပြောတာ​နင်​ကတိတည်​​နော်​ ပြီးမှဘာညာဘာညာ​တွေ မကြားချင်​ဘူး"
"​အေးပါ ငါကတိတည်​ပါတယ်​ အဲဒီ့​နေ့ကျmakeupပြင်​​ပေး​နော်​"
"​အေး"
"ဒါဘဲ​နော်​ ချစ်​သူငယ်​ချင်း​လေး မွမွ"
တိမ်​သက်​ပြင်းချမိသည်​ မိန်းက​လေးသူငယ်​ချင်း​တောင်​သူတစ်​​ယောက်​ဘဲရှိလို့ သူ့လိုမျိုးနှစ်​​ယောက်​​လောက်​သာရှိရင်​ အ​မောင်​တိမ်​လွှာတို့ မာမီဖြစ်​ကိန်းပင်​။တိမ်​ကmake-upကို​ကျောင်းတတ်​တုန်းက king/queen ​ရွေးပွဲမှာ ဝတ်​ရည်​ကqueen selection အဖြစ်​အ​ရွေးခံရပြီး ​majorတူသူငယ်​ချင်းသူရက king selection အဖြစ်​အ​ရွေးခံရ​တော့သူတို့နှစ်​​ယောက်​လုံးကိုလက်​တည့်​စမ်းပြီးပြင်​​ပေးလိုက်​​တော့ ကျန်​တဲ့သူ​တွေကပါသ​ဘောကျပြီး ​​ယောင်္ကျား​လေး၊မိန်းက​လေး​တော်​​တော်​များများကိုပြင်​​ပေးလိုက်​ရတာ ကိုယ့်​ကိုကိုယ်​​တောင်​မပြင်​မဆင်​နိုင်​ဘဲ စုတ်​တီးစုတ်​ပျက်​နဲ့ဘဲပွဲကိုသွားလိုက်​ရတာ မှတ်​မိပါ​သေးတယ်​။မေ​မေက​တော့ ကျန်​တဲ့ဒီဇိုင်းဆွဲတာကို​တော့ဘာမှမ​ပြော make-upပြင်​တာကို​တော့မိန်းမအလုပ်​​တွေမို့ တိမ်​လုပ်​တာကိုမကြိုက်​ တိမ်​ကိုယ်​တိုင်​ကလညိးဝါသနာမပါ​ပေမဲ့ တတ်​သ​လောက်​မှတ်​သ​လောက်​နဲ့ပြင်​​ပေးလိုက်​တာက ကြက်​ကန်းဆန်​အိုးတိုးပြီးလှသွား​လေသလားမ​ပြောတတ် အချိန်​ပိုင်းလုပ်​​နေသည့်​ cafe shop ပိုင်​ရှင်​ကိုပြဖို့ cake လုပ်​​နေရတာမအားတဲ့ကြားထဲအရှုပ်​ထုတ်​ ဝတ်​ရည်​ရဲ့အင်္ကျီကသွားယူ​ပေးရဦးမယ်​။တိမ်​က အင်္ကျီဒီဇိုင်းသာဆွဲတာချုပ်​ဖို့ကျစိတ်​မရှည်​တာမို့ အစ်​မတစ်​ဝမ်းကွဲက designer ဖြစ်​တာ​ကြောင့်​သူ့ကိုအပူကပ်​ပြီးချုပ်​ခိုင်းရသည်​။ကိုယ်​တိုင်​က​တော့ ရှိတာနဲ့ဘဲဖြစ်​သလိုဝတ်​ရ​တော့မှာ​ ကျိန်း​သေဘဲ ဒါ​တောင်​ဝတ်​ရည်​မက သူ့အစ်​ကိုမင်္ဂလာ​ဆောင်​မှာ အရံလုပ်​ခိုင်း​နေ​သေးတယ်​ ငြင်းလိုက်​တာမှန်​သွားတယ်​ ငြင်းများမငြင်းလို့က​တော့ တိမ်​လွှာတစ်​​ယောက်​ မင်္ဂလာ​ဆောင်​ကို​ဆေးထိုးပြီးသွားရ​လောက်​တယ်​။

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Where stories live. Discover now