Part 10

9.5K 606 6
                                    

နှစ်​​ယောက်​သား Hotel က​နေထွက်​လာပြီးကမ်း​ခြေ​ကို​ရောက်​လာတဲ့ထိ ဘာစကားမှမ​ပြောဖြစ်​ဘဲ လမ်း​လျှောက်​​နေမိကြသည်​။ ဆယ်​မိနစ်​​လောက်​ကြာ​တော့

"အစ်​ကို ကျွန်​​တော်​​မေးစရာရှိလို့"

"​မေး​လေ ကိုယ်​​ဖြေနိုင်​တဲ့​မေးခွန်းဆို​ဖြေ​ပေးမယ်​"

"လူတစ်​​ယောက်​ကို​တွေ့ရင်​​ပျော်​တယ်​ အဲ့ဒီ့လူ​ရဲ့အသား​လေးနဲ့ထိလိုက်​မိရင်​ကိုရင်​ခုန်​တယ်​ သူတခြားလူ​တွေနဲ့စကား​ပြောရင်​စိတ်​ထဲသ​ဘောမကျဘူး သူနဲ့အမြဲ​တွေ့ချင်​တယ်​ သူ့ရဲ့အပြုအမူ​လေး​တွေကိုသ​ဘောကျတယ်​ အဲ့ဒါဘာဖြစ်​လို့လဲဟင်​"

"အဲ့ဒါအချစ်​​လေ"

"ဗျာ အချစ်​ ဟာ မဖြစ်​နိုင်​ပါဘူး"

"ဘာလို့မဖြစ်​နိုင်​ရမှာလဲ မင်းဘယ်​သူ့ကိုသွား​မေး​မေး အဲ့ဒါအချစ်​လို့​ပြောမှာဘဲ"

"ဒါ​ပေမဲ့ သူက​ယောင်္ကျား​လေး​လေ "

"​ဟေ မင်းချစ်​​နေတာ​ယောင်္ကျား​လေးလား"

"မ မဟုတ်​ပါဘူး ကျွန် ​ကျွန်​​တော်​ကလို့ ခင် ခင်​​ဗျားကိုဘယ်​သူ​ပြောလဲ"

"မဟုတ်​ရင်​လည်းပြီးတာပါဘဲ ဘာလို့စကား​တွေထစ်​​နေတာလဲ"

"မထစ်​ပါဘူး အဲ့ဒါကျွန်​​တော်​မဟုတ်​ဘူး​နော်​"

"​အေးပါကွာ ဟုတ်​ပါပြီ ပြန်​စို့"

အခန်းထဲပြန်​​ရောက်​​တော့

"ကျွန်​​တော်​အိပ်​ပြီ"

"​အေး အိပ်​ အိပ်​ ​စောင်​ခြုံဦး"

ကောင်းကင်​လည်း အိပ်​ချင်​စိတ်​မရှိ​သေးတာ​ကြောင့်​ ကုတင်​​ပေါ်တက်​ပြီး TV ကြည့်​​နေလိုက်​သည်​။ တစ်​နာရီ​လောက်​​နေ​တော့ အိပ်​ချင်​လာတာ​ကြောင့်​ TV ပိတ်​ပြီး အိပ်​ဖို့ပြင်​​နေတုန်း ​ဘေးက ချာတိတ်​က သူ့ဘက်​လှည့်​လာတာ​ကြောင့်​ မအိပ်​သေးဘဲ ​ချာတိတ်​မျက်​နှာ​လေးကိုကြည့်​​နေမိသည်​။ မျက်​နှာ​ပေါ်ကျ​နေတဲ့ ဆံပင်​​တွေကိုလက်​နဲ့ဖယ်​​ပေးလိုက်​ပြီး ​ခေါင်းကိုအသာပုတ်​​ပေး​တော့ မျက်​နှာ​လေးကပြုံးသွားသလို

"Good night က​လေး"

ကောင်းကင်​အိပ်​​နေရင်း အသက်​ရှုကျပ်​လာတာ​ကြောင့်​ ထကြည့်​လိုက်​​တော့ ထမရတာ​ကြောင့်​​ကော လည်​ပင်း​ပေါ်မှာတစ်​ခုခုရှိ​နေတယ်​ ဆိုတဲ့အသိ​ကြောင့်​ လက်​နဲ့စမ်းကြည့်​​တော့ ချာတိတ်​ရဲ့လက်​ဖြစ်​​နေသည်​။
အသက်​ရှုရခက်​တာ​ကြောင့်​ ဖယ်​မလို့လက်​ကိုကိုင်​လိုက်​​တော့ သူ့လက်​ကိုပုတ်​ထုတ်​ကာ လက်​နှစ်​ဖက်​လုံးနဲ့ လည်​ပင်းကိုဆွဲပီးဖက်​လိုက်​တာ​ကြောင့်​ အသက်​ရှုကျပ်​သွား​ပေမဲ့ ချာတိတ်​ရဲ့ ရှုထုတ်​လိုက်​တဲ့​လေ​လေးကသူ့ပါးပြင်​​ပေါ်မှာလာထိ​တွေ့​နေတာကို ခံစားမိ​နေတာ​ကြောင့်​ သူလှုပ်​လိုက်​ရင်​နိုးသွားမှာစိုးတာ​ကြောင့်​ ငြိမ်​​နေလိုက်​သည်​။ ကိုယ်​ကငြိမ်​​နေ​ပေမဲ့ စိတ်​ကငြိမ်​မ​နေတာ​ကြောင့်​ မျက်​နှာကိုတစ်​ဖက်​လှည့်​လိုက်​​​ပေမဲ့ လည်​ပင်းကို လာရိုက်​​နေတဲ့ ​လေ​နွေး​နွေး​လေး​ကြောင့်​ ကြက်​သီးတဖြန်းဖြန်းထသွားရသည်​။ အဲ့ဒီ့ညသူအိပ်​​ပျော်​​တော့မှာမဟုတ်​တာ​ သေချာသ​လောက်​ဖြစ်​​နေပြီ။ မနက်​ 5:30 ​လောက်​မှာ ​ကောင်းကင်​​မှေးခနဲ့အိပ်​​ပျော်​သွားမိသည်​ ။ ​လုံးဝအိပ်​​ပျော်​​တော့မယ့်​အချိန်​ ​ညကတည်းက အဖက်​ခံထားရတဲ့ လည်​ပင်းက ​လျော့သွားသလိုခံစားရတာ​ကြောင့်​ မျက်​လုံးတစ်​ဖက်​ကိုအသာဖွင့်​ကြည့်​မိ​တော့ သူ့ကိုတစ်​လှည့်​ လက်​ကိုတစ်​လှည့်​ ကြည့်​ပြီးမျက်​နှာကြီးနီလာကာ ​ရေချိုးခန်းထဲ​ပြေးဝင်​သွားတဲ့ ချာတိတ်​​ကြောင့်​ ​ကောင်းကင်​ကျိတ်​ရယ်​​နေမိသည်​ အသံထွက်​​အောင်​ရယ်​လိုက်​လို့က​တော့ ဒီ​နေ့​ရေချိုးခန်းထဲကပြန်​ထွက်​လာ​တော့မှာမဟုတ်​ ​ရေချိုးခန်းထဲမှာဘာ​တွေစဉ်းစား​နေသလဲမသိ နာရီဝက်​​လောက်​​နေ​တော့ တံခါးဖွင့်​သံ​ကြောင့်​ ​ကောင်းကင်​အိက်​ချင်​​ယောင်​​ဆောင်​​နေလိုက်​သည်​။ ကုတင်​တစ်​ခြမ်းကအိခနဲ့ဖြစ်​သွားတာ​ကြောင့်​ ချာတိတ်​ကုတင်​​ပေါ်တတ်​လာတာ​ကိုမျက်​လုံးဖွင့်​မကြည့်​ဘဲ သိ​နေသည်​။

Note: စာနည်း​နေတာကို​တောင်းပန်​ပါတယ်​ ဘာဆက်​​ရေးရမလဲဆိုတာစဉ်းစားမရ​တော့လို့ ​စဉ်းစားရသ​လောက်​​ရေးပြီးတင်​​ပေးလိုက်​တယ်

😘😘😘😘😘😘

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)حيث تعيش القصص. اكتشف الآن