Part 21 (1)

8.3K 478 17
                                    

ဖေ​ဖေကစိတ်​ဆိုး​နေ​ပေမဲ့ ဖုန်းကိုသိမ်းမသွား၍ ​တိမ်​လွှာကံ​ကောင်းသွားသည်​။

📱"Hello ဝတ်​ရည်​"

"​အေး တိမ်​လွှာ ​ပြော"

"နင်​သိပြီးပြီလား"

"ဘာကိုလဲဟ"

"နင်​နဲ့ငါ့ကိုလက်​ထပ်​​ပေးမယ့်​အ​ကြောင်း​လေ"

"ငါ့ကိုလာ​နောက်​မ​နေနဲ့ ငါကနင်​​ပြောတိုင်းယုံမယ့်​လူမဟုတ်​ဘူး Sorry ပါသား​လေးတိမ်​လွှာ​ရေ"

"ငါတကယ်​​ပြော​နေတာ မိဝတ်​ရည်​ အခုငါ့ရင်​ထဲမှာပန်း​တွေပွင့်​​နေတာမဟုတ်​ဘူး​နော်​"

တိမ်​လွှာ့ ​လေသံက​တော်​​တော်​မာ​နေတာမို့ ဝတ်​ရည်လည်း

"ငါကစတာပါဟယ်​ ကဲ အ​ကြောင်းစုံ​ပြောပြ ဒါမှမဟုတ်​ ငါ့နင့်​အိမ်​လာခဲ့ရမလား"

"​အေး လာခဲ့ အဲ့ဒါပို​ကောင်းတယ်​ ခဏ​လေး လာခဲ့ရင်​လည်း နင်​ဘာသာလာလည်​တဲ့ပုံစံမျိုးနဲ့လာ​နော်​ ငါ​ခေါ်လို့လာတဲ့ပုံစံမျိုးနဲ့မလာနဲ့​နော်​"

"​အေးပါ ငါသိပါတယ်​ ငါနာရီဝက်​အတွင်း​ရောက်​​အောင်​လာခဲ့မယ်​" 📱

ဝတ်​ရည်​နဲ့​ပြောပြီး တိမ်​လွှာ သူ့​ဘေးနားမှာထိုင်​​နေတဲ့ ​မေ​မေ့ကိုဖက်​ပြီး ငို​နေမိသည်​။ တိမ်​လွှာ ငို​နေတုန်း

🎶🎶🎶🎶🎶🎶🎵🎵🎵🎵

📱" 'ကို' ဟင့်​ ဟင့်​"

"ဟင်​ က​လေး ဘာဖြစ်​လို့လဲ ဘာလို့ငို​နေတာလဲ ​နေမ​ကောင်းလို့လား က​လေးရဲ့​မေ​မေကဆူလို့လား ဘာဖြစ်​လို့လဲ"

" 'ကို'​ရေ တိမ့်​ ကိုလာကယ်​ပါဦး အီးဟီးဟီး"

"က​လေး ဘာ​တွေဖြစ်​​နေတာလဲ ကိုယ်​စိတ်​ပူလို့​သေ​တော့မယ်​ ခဏ​စောင့်နေ ကိုယ်​ က​လေးအိမ်​ကိုချက်​ချင်းလာခဲ့မယ်​"

ကောင်းကင်​ရဲ့ ​စကား​ကြောင့်​ တိမ်​လွှာ ငို​နေရာမှ အလန့်​တကြား ထ​အော်​လိုက်​သည်​။

"ဟာ မလာနဲ့ မလာနဲ့"

"ဟာ ဘာလို့မလာရမှာလဲ က​လေးကဒီ​လောက်​ငို​နေတာ ကိုယ်​ကဘယ်​လို​နေရမှာလဲ"

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Kde žijí příběhy. Začni objevovat