Part 8(Unicode)

2.9K 201 0
                                    

ကောင်းကင် တွေးနေတာရပ်ပြီး ချာတိတ်ကိုလှမ်းကြည့်လိုက်တော့ အိပ်နေတာဟောက်သံတွေတောင်ထွက်လို့

စောင်လည်းခြုံမထားတာကြောင့် စောင်ခြုံပေးပြီးမှအခန်းထဲကိုဝေ့ကြည့်မိတော့ အခုမှသတိထားမိသည်

ကုတင်ကတစ်ယောက်တစ်လုံးမဟုတ် နှစ်ယောက်အိပ်ကုတင်ကြီး ညကျဟိုကလေးနဲ့ဘယ်လိုနှစ်ပါးသွားရပါ့

ပြဿနာပဲ အခန်းကလည်းခရီးသွားရာသီဖြစ်နေတာကြောင့်မရှိတော့ မတတ်နိုင်ဘူး

ကောင်းကင် သက်ပြင်းသာအကြိမ်ကြိမ်ချရင်း အခန်းပြင်ကိုထွက်လာခဲ့ပြီး ရေကူးကန်နားကဒန်းလေးပေါ်မှာ ထိုင်ပြီး ရေကူးကန်ထဲမှာရေဆော့နေတဲ့ကလေးတွေကို ကြည့်နေတုန်း

"ဟေ့ကောင် ဘာတွေငေးနေတာလဲ"

"ခွေးကောင် ကားပေါ်ကဆင်းတာနဲ့ဘယ်ရောက်သွားမှန်းမသိဘူး ဘာလာလုပ်တာလဲ"

"ဟဲဟဲ ဒာကဒီလိုရှိတယ်ကွ မပြောတော့ပါဘူးကွာ မင်းလို FA တွေနားမလည်ပါဘူး"

"တော်စမ်းပါကွာ ဒီကိုဘာလာလုပ်တာလဲ"

"ငါမင်းကိုမေးစရာရှိလို့် ကောင်းကင်"

"ဘာလဲ မဟုတ်တာတွေလာမမေးနဲ့နော်"

"မဟုတ်တာတွေမမေးပါဘူး ဟုတ်တာဘဲမေးမှာ မင်း တိမ်လွှာ့ ကိုကြိုက်နေတာလား"

"ဟမ် မ မ မကြိုက်ပါဘူး မင်းကိုဘယ်သူပြောတာလဲ"

"ဟေ့ကောင် မင်းအမေကိုသာလိမ်လို့ရမယ် ငါ့ကိုတော့မင်းလိမ်မရဘူး ဟုတ်တယ်မလား"

"မဟုတ်ပါဘူးဆိုကွာ"

"ဘာမဟုတ်တာလဲ မင်းဘယ်တုန်းက တစ်ခန်းတည်းမှာနှစ်ယောက်တူတူနေတတ်သွားတာလဲ ကားစီးရင်မင်းဘေးနားမှာလူရှိရင်မနေတတ်တဲ့ကောင်က ပေါင်ပေါ်တောင်ခေါင်းအုံးခိုင်းလိုက်သေးတယ် မင်းအပြုအမူတွေကိုကြည့်ရင်အသိအသာကြီးဘဲကို"

"ဟုတ်တယ်ကွာ ငါတိမ်လွှာကိုကြိုက်တယ် အဲ့ဒါဘာဖြစ်လဲ"

"ဟာ တကယ်ဘဲပေါ့ ဟေ့ကောင် မင်းဘယ်တုန်းက gay ဖြစ်သွားတာလဲ ငါကမင်းကို straight ထင်နေတာ"

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Where stories live. Discover now