Part 18

9.7K 545 13
                                    

တိမ်​လွှာ မနက်​နိုးလာ​တော့ မျက်​လုံးမဖွင့်​​သေးဘဲ ချစ်​ရသူရဲ့ကိုယ်​သင်းနံ့​လေးကို အလွတ်​မှတ်​​နေမိသည်​။ ​ကောင်းကင်​ အိပ်​​နေရင်းရင်​ဘက်​က ယားကျိကျိဖြစ်​လာတာ​ကြောင့်​ မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ သူ့ရဲ့အသစ်​စက်​စက်​ချစ်​သူ​လေးက သူ့ရင်​ခွင်​ထဲမှာနှာ​ခေါင်းတရှုံ့ရှုံ့လုပ်​ကာ အနံ့ခံ​နေတာ​ကြောင့်​ နှာ​ခေါင်းထိပ်​​လေးက သူ့ရင်ဘက်​ကိုလာလာထိ​နေသည်​။

"က​လေး ဘာလုပ်​​နေတာလဲကွ ယားတယ်​"

" 'ကို့' ကိုယ်​သင်းနံ့​လေးကိုသ​ဘောကျလို့"

"ဟား ဟား ဟုတ်​ပါပြီဗျာ အဲ့လိုစကား​လေး​တွေနဲ့လူကိုအ​သေသတ်​​နေ ထ​တော့မလား"

"ခုမှ 6:00 ရှိ​သေးတာ ပြန်​အိပ်​ဦးမယ်​"

" က​လေး အိပ်​ချင်​​သေးရင်​အိပ်​​လေ ကိုယ်​ 7:00 ကျရင်​ ဧည့်​သည်​တစ်​​ယောက်​နဲ့​တွေ့စရာရှိ​သေးတယ်​ သူနဲ့အလုပ်​ကိစ္စ​ဆွေး​နွေးဖို့ ကိုယ်စာရင်း​တွေဘာ​တွေပြင်​ရဦးမယ်​ အဲ့ဒါ​ကြောင့်​ကိုယ်​ထ​တော့မယ်​​နော်​"

"Omm လုပ်​စရာရှိတာလုပ်​​လေ"

ကောင်းကင်​  Laptop တစ်​လုံးနဲ့အလုပ်​ရှုပ်​​​ပြီး​တော့ နာရီကြည့်​လိုက်​​တော့​6:45 ရှိ​နေတာ​ကြောင့်​ ​ရေမြန်​မြန်​​ပြေးချိုးလိုက်​သည်​။

အဝတ်​အစားဝတ်​ပြီး​တော့ က​လေးကိုကြည့်​လိုက်​​တော့ အိပ်​​နေတာမှသိုးလို့ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေတာ​ကြောင့်​ ​ကောင်​ကင်​လည်းမနှိုး​တော့ဘဲ တိမ်​လွှာ့ နဖူး​လေးကိုနမ်းလိုက်​ပြီး ​အောက်​ဆင်းလာခဲ့သည်​။

အောက်​ထပ်​​ရောက်​​တော့ ​တွေ့ရမယ့်​ဧည့်​သည်​ကမလာ​သေးတာ​ကြောင့်​ ဝန်​ထမ်းတစ်​​ယောက်​ကို​ခေါ်ပြီး 7:45 ​လောက်​ကျရင်​ အခန်းထဲကိုမနက်​စာပို့​ပေးဖို့မှာလိုက်​သည်​။ သူ​နောက်​ကျရင်​ က​လေးဗိုက်​ဆာ​နေမှာစိုးရိမ်​သည်​​လေ။

ကောင်းကင်​ ဧည့်​သည်​နဲ့​တွေ့တာ​တော်​​တော်​ကြာသွားသည်​။ စကားကဘယ်​လိုမှဖြတ်​မရတာ​ကြောင့်​ နှစ်​နာရီခွဲ​လောက်​ကြာသွားသည်​။ ဧည့်​သည်​ကိုနှုတ်​ဆက်​ပြီးပြီးချင်း အခန်းထဲကိုအ​ပြေးပြန်​လိုက်​သည်​။အခန်းထဲ​ရောက်​​တော့ TV ​ရှေ့မှာ အာလူး​ကြော်​ကို တဂျွမ်းဂျွမ်းဝါးပြီး တဟီးဟီးနဲ့ရယ်​ကာ ဇိမ်​ကျ​နေ​သော ​မောင်​တိမ်​လွှာ့ကို​တွေ့လိုက်​မှ

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)حيث تعيش القصص. اكتشف الآن