Part 21(2)

9.6K 479 31
                                    

A/N : ဟို​နေ့က Sakura ​​မေးတာ​​လေးကိုမှတ်​မိ​သေးလား။ အဲ့​မေးခွန်းရဲ့အ​ဖြေကို သိချင်​ရင်​အခုကြည့်

"ဟင်​ ကိုကြီး ဘာလာလုပ်​တာလဲ"

"ဘာလာလုပ်​လုပ်​​ပေါ့ကွ ကိုယ့်​ညီဆီလာတာဘဲ အ​ကြောင်းပြချက်​လို​သေးလို့လား"

"လိုတာ​ပေါ့ ပုံမှန်​ဆိုကိုကြီးကကျွန်​​တော့်​အခန်းထဲဘယ်​တုန်းကလာဘူးလို့လဲ"

"ငါအခုလာတာလည်းမင်းကို​တွေ့ချင်​လွန်းလို့မဟုတ်​ပါဘူး"

"အဲ့ဒါဆို ဘယ်​သူ့ကို​တွေ့ချင်​လို့လာတာလဲ"

"​မ​ပြောနိုင်​ဘူး"

"ကဲပါ ​မောင်​ရယ်​ တိမ့်​ကိုစမ​နေနဲ့ ဟိုကမှစိတ်​ညစ်​​နေရတဲ့ကြားထဲ"

နေ ဝတ်​ရည်​ရဲ့​ဘေးမှာဝင်​ထိုင်​ပြီး ဝတ်​ရည်​ရဲ့ပခုံးကိုဖက်​ပြီး

"​ပြောရမယ်​ချစ်​ရဲ့ ဒီ​ကောင်​က သူချစ်​သူရသွားတဲ့ကိစ္စကို ကိုယ့်​ကိုမှ​ပြောမ​ပြတာ ဒီအစ်​ကိုတစ်​​ယောက်​တည်းရှိတာကို"

"ဟင်​ နင်​ နင်​ နင်​တို့နှစ်​​ယောက်​က"

"​အေး နင်​ထင်​သလိုဘဲ"

"ဟာ ကိုကြီးကကျွန်​​တော့်​ကိုကျ​ပြောပြီး ကိုကြီးကျ​တော့​ရော ကျွန်​​တော့်​ကို​ပြောမပြဘဲနဲ့ နှစ်​​ယောက်​လုံးကလည်းအ​နေအထိုင်​ပိရိလိုက်​ကြတာ"

"မင်းကိုမ​ပြောပြခဲ့လို့ အခုမင်းကိုငါ့ချစ်​​လေးနဲ့​ပေးစားဖို့စီစဉ်​တာ ငါသာ​ပြောပြခဲ့ရင်​ ​ဖေ​ဖေနဲ့​မေ​မေပာသိသွားပြီး ​​ဖေ​ဖေကမင်းအတွက်​ တခြားမိန်းက​လေးတစ်​​ယောက်​သာရှာထားမယ်​ဆို မင်း​သေချာ​ပေါက်​အဲ့ဒီ့မိန်းက​လေးကိုဘဲယူပြီး မင်းရဲ့ ​ကောင်းကင်​ကြီး နဲ့ကွဲရမှာ 99% ​လောက်​​သေချာသွားမှာ​နော့ ပြီး​တော့မင်းတို့နှစ်​​ယောက်​အ​ကြောင်းကို ငါ့ချစ်​​လေးဆီကအကုန်​သိပြီးပြီ"

"အင်းပါ နားလည်ပာပြီ ဒာနဲ့​အခုကိစ္စကိုဘယ်​လိုလုပ်​ကြမလဲ"

"မင်းတို့နှစ်​​ယောက်​လုံးလက်​ထပ်​ဖို့သ​ဘောတူတယ်​လို့​ပြောလိုက်​"

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Nơi câu chuyện tồn tại. Hãy khám phá bây giờ