Zawgyi:
"ချစ်ကြွေးရယ်ပြေစေ"
အပိုင်း(၄)
🌼 🌼
အနက်ရောင်ရဲတိုက်ကြီးရဲ့ သခင်လေးဘန်နေထိုင်ရာ အခန်းထဲကို ယောင်း ရောက်လာခဲ့သည်။
'အကိုဘန်..!'
'ပြော ယောင်း ဘာဖြစ်လို့လဲ'
ယောင်းတစ်ယောက် စိတ်ပူခြင်းများနဲ့အတူ ရောက်လာခဲ့ခြင်းဖြစ်၏။ တစ်ခါမှ လူ့လောက၊လူ့ပတ်ဝန်းကျင်မှာ မကျင်လည်ဖူးတဲ့ Bက အခုထွက်သွားတော့မယ်မဟုတ်ပါလား။ ထို့ထက် သတင်းဆိုးထွက်နေတဲ့ ဟွာဟယ်ဂျင်းဆီမှာ အကူအညီသွားတောင်းသည်ကို ပိုလို့စိတ်ပူမိသည်။
'B ထွက်သွားပြီ Bအဆင်ပြေပါ့မလား B က ဟွာဟယ်ဂျင်း ဆီသွားမှာ'
'ဘာ....! ဟွာဟယ်ဂျင်း ယောင်း အကို့ အစောကြီးကတည်း ဘာလို့မပြောတာလဲ အကိုတားမှာပေါ့'
အရင်ကတည်းက ဟန်မျိုးနွယ်နဲ့ ရန်စရှိခဲ့တဲ့ ဟွာဟယ်ဂျင်းဆီ B အကူအညီသွားတောင်းမှာကို မပြောပြခဲ့တဲ့အတွက် ဘန်
စိတ်ပူပင်မှုတွေနဲ့အတူ ယောင်းရဲ့ခန္ဓာကိုယ်ကို လှုပ်ကာဒေါသတကြီး မေးလိုက်တော့။'ယောင်း... ယောင်း... Bကိုသနားလို့ပါ ဒီတစ်ခါ Bထပ်ခံစားရရင် B ခံနိုင်ရည်မရှိမှာစိုးလို့ပါ အခု..အခု လာပြောတာကလည်း စိတ်ပူလို့'
ယောင်း ငိုယိုကာပြောတော့ ဘန် စိတ်မကောင်းဖြစ်သွားကာ ပုခုံးကိုင်လျှက်။
'အဆင်ပြေမှာပါ ဒါပေမဲ့ ဟွာဟယ်ဂျင်း က Bကို ဒီတိုင်းကူညီပါ့မလားဆိုတာ စိတ်ပူတယ် တော်ကြာ မဟုတ်တာတွေ တောင်းဆိုရင်......'
ဘန် သူ့ညီမ ယောင်း စိတ်ပူနေသည်ကိုသိ၍ ဖြေသိမ့်ပေးရန် စကားရှာသော်လည်း ပိုစိတ်ပူအောင် ပြောလိုက်မိသည်။သူလဲသူညီမနဲ့ထပ်တူ ရင်ထဲမီးတောက်နေသည်မို့....။
YOU ARE READING
ချစ်ကြွေးရယ်ပြေစေ...❣️〚𝕋ℍ𝔼 𝕋𝔸𝕃𝔼 𝕠𝕗 ⌃𝔹⌃〛
Mystery / Thrillerချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙 ချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙