Sector💕9💕

23 1 0
                                    

Zawgyi:

"ချစ်ကြွေးယ်ပြေစေ"

အပိုင်း(၉)

                  🌼                      🌼

'အ​ဖေ စကားနည်းနည်း​လောက်​​ပြောလို့ရမလား'

မင်​ဝန်းထမင်းစားပွဲမှာဝင်​ထိုင်​ပြီး စကားစလိုက်​သည်​။ ဟာထယ်​ဂျွန်းက ​​ကော်​ဖီ​သောက်​ရင်း ​မော့ကြည့်​လာသည်​။

'အ​ဖေက ဒီလိုမျိုးဆိုတာကို အ​မေသိသွားခဲ့လားဟင်​'

မင်​ဝန်းရဲ့​မေးခွန်းအဆုံးမှာ မင်​ဝန်းအ​ဖေ ​မော့ကြည့်​လာသည်​။ ပြီးမှ...။

'မသိသွားခဲ့ပါဘူး ဘာလို့လဲဆို​တော့ သမီးအ​မေနဲ့​တွေ့ချိန်​မှာ အ​​ဖေက လူသားလုံးလုံးဖြစ်​​နေပြီ​လေ အ​ဖေက အပြစ်​ဒဏ်​​ကြောင့်​ စွမ်းအင်​ဆုံးရှုံးသွား​ပေမဲ့ အသက်​ရှင်​ကျန်​ရစ်​ခဲ့တယ်​ ​နောက်​ပိုင်း လူသား​တွေလိုပဲ ​သေဆုံးဖို့အတွက်​ နီးကပ်​လာတယ်​'

မင်​ဝန်း သူ့အ​ဖေ​ပြောသမျှကို အ​လေးထားပြီးနား​ထောင်​​နေသည်​။ သူကိုယ်​တိုင်​လက်​ခံလိုက်​​တော့မယ်​လို့ ဆုံးဖြတ်​ပြီးလို့​ပေါ့။

'သူ...သူ့ရဲ့​ရှေ့​လျှောက်​ ကံကြမ္မာက​ရော'

'ကံကြမ္မာက ဘယ်​လို​တွေဖြစ်​မလဲဆိုတာ ခန့်​မှန်းလို့မှမရတာ အချစ်​တစ်​ခုတည်းကိုကြည့်​ပြီးလာခဲ့​ပေမဲ့ သူ့အတွက်​ ​ဆုလာဘ်​က ​​စောင့်ကြို​နေသလို အပြစ်​ဒဏ်​ကလည်း ​စောင့်​ကြို​နေမှာ'

'အခု သူကအပြစ်​ဒဏ်​​တွေရှိမှန်းသိသိချည်းနဲ့လာခဲ့တာ အဲ့သူက သူ့အတွက်​ အရမ်းအ​ရေးကြီးလို့လား'

'​နောက်​တစ်​ခါ ထပ်​အဆုံးအရှုံးမခံနိုင်​လို့​နေမှာ​ပေါ့ သူပြန်​​မွေးဖွားတာကလည်း အဲ့ဒီ့အတွက်​​ကြောင့်​ပဲ​လေ'

'မျက်​မြင်​​တွေ့သလို့သာ သမီးယုံကြည်​ရတာ တကယ်​ဆို ဒါတတွက အိပ်​မက်​​ဆန်​တဲ့ဖြစ်​ရပ်​​တွေပဲ'

'သူ သမီးအကူအညီလိုအပ်​တယ်​ သူဒီဘဝနဲ့​နေသားမကျ​သေးဘူး​လေ'

ချစ်ကြွေးရယ်ပြေစေ...❣️〚𝕋ℍ𝔼 𝕋𝔸𝕃𝔼 𝕠𝕗  ⌃𝔹⌃〛Where stories live. Discover now