Zawgyi:
"ချစ်ကြွေးရယ်ပြေစေ"
အပိုင်း(၁၃)
🌼 🌼
ဂျောင်မင်တစ်ယောက် မသွားသေးပဲ သူ့အမေပြောမှာကို စောင့်နေချိန်~~~၊၊
'အဒေါ် သမီးရောက်ပြီ'
ဂျောင်မင်တွေ့လိုက်ရသူက မင်ဂျီယွန်း၊၊ မနေ့ညက သူ့မွေးနေ့ပွဲကို ရောက်လာသောသူမ၊၊
'မင်္ဂလာပါ'
ဂျီယွန်းက ကျောင်းအဝတ်အစားနဲ့ ရောက်လာသောကြောင့် ဂျောင်မင် နားမလည်တဲ့ပုံစံနဲ့ သူ့အမေကို ကြည့်ကာ၊၊
'အမေ ဒါက....'
'သား ဂျီယွန်းက သားတို့ကျောင်းမှာတက်မှာလေ ဂျီယွန်းကို သေချာဂရုစိုက်နော်'
'ဒါဆို သားက သူနဲ့အတူ ကျောင်းသွားရမှာလား'
ဂျောင်မင် သူ့အမေကိုမေးပြီးတဲ့နောက် ဂျီယွန်းဘက်ကိုလဲ လှည့်ကာမေးလိုက်သည်၊၊
'မင်းက ငါတို့ကျောင်းမှာ!'
'ဟုတ်ကဲ့'
ဂျီယွန်း ပြုံးကာပြန်ဖြေတော့ ဂျန်မြောင်းတစ်ယောက် အူမြူးကာ ဂျီယွန်းအနားသွားပြီး ဂျီယွန်းပုခုံးကို ဖက်လိုက်သည်၊၊
'ပျော်စရာကြီး သွားကြမယ်လေ'
'ရား..........ကင်ဂျန်မြောင်း'
'ဘာလဲ......?'
ဂျန်မြောင်း လုပ်လိုက်တဲ့အပြုအမူကြောင့် ဒုံချောထအော်တော့ ဂျန်မြောင်းက ဘာမှမသိသောမျက်နှာနဲ့မေးခွန်းပြန်ထုတ်ပြန်သည်၊၊
ဂျီယွန်းလဲ ဂျန်မြောင်းတင်ထားတဲ့ လက်ကို ဖယ်လိုက်သည်၊၊
'သမီး မနက်စာစားပြီးပြီလား'
'ဟုတ် စားပြီးပါပြီ'
ဂျောင်မင်အမေရဲ့အမေးကို ဂျီယွန်းဖြေပြီးတဲ့နောက် ဂျန်မြောင်းက နှုတ်ဆက်ကာ ဂျီယွန်းကို ခေါ်ထုတ်သွားတော့သည်၊၊
YOU ARE READING
ချစ်ကြွေးရယ်ပြေစေ...❣️〚𝙏𝙃𝙀 𝙏𝘼𝙇𝙀 𝙊𝙁 ⌃🅱⌃〛
Mystery / Thrillerချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙 ချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙