Zawgyi:
"ချစ်ကြွေးရယ်ပြေစေ"
အပိုင်း(၁၀)
🌼 🌼
အိပ်ယာပေါ်မှာ ပက်လက်လှန်လှဲနေတဲ့ ဂျောင်မင်ကို တွေ့လိုက်တော့ မင်ဝန်းစိတ်ထဲ အိပ်ပျော်နေတယ်လို့ နဲနဲလေးမထင်မိပေ၊၊
ရုတ်တရက်ကြည့်ရင် အိပ်ပျော်နေတယ်လို့ထင်ရပေမဲ့ သေချာကြည့်ရင် သတိလစ်နေသူလိုလို၊၊
သို့ပေမဲ့ မင်ဝန်းကတော့ သူအထင်မှားတာနေမှာပါဆိုပြီး အတွေးကို ဖျောက်ပလိုက်သည်၊၊
'အမေ ဂျောင်မင် ဘယ်လိုဖြစ်တာလဲ'
ဂျောင်မင်ကို ကြည့်ကာ ဂျန်မြောင်းက မေးလိုက်တော့
'မသိပါဘူး ဂျန်လေးရယ် မင်းသူငယ်ချင်းက ရုတ်တရက်ကြီး ထဖျားတာပဲလေ'
'အန်တီ ဂျောင်မင်သက်သာသွားပြီမဟုတ်လား'
ဟယ်နာက ကြားဖြတ်ဝင်မေးလိုက်တော့ ဂျောင်မင်အမေက သူ့ကို ကြည့်လိုက်ပြီး
'သက်သာနေပါပြီ အခုလဲဆေးသောက်ပြီး အိပ်ပျော်သွားတာလေ မနက်ဖြန် ကျောင်းတက်နိုင်မတက်နိုင်ကတော့ သူ့အခြေအနေကို ကြည့်ရမှာပဲ'
'ကျောင်းအတွက်တော့ စိတ်မပူပါနဲ့ သားခွင့်တိုင်ပေးမယ်'
'သားတို့တွေ လာပြီး စာတွေကူးမယ်သိလား'
ထယ်ဆော့နဲ့ ဂျန်မြောင်းပြောတော့ ဂျောင်မင်အမေက သူတို့ကို ပြုံးကာကြည့်လိုက်သည်၊၊
'အန်တီ ဒါဆို မင်တို့ ပြန်တော့မယ်နော်'
'အင်း သမီးတို့ ဂရုစိုက်ပြန်ကြနော်'
'ဟုတ်ကဲ့ အေးအေးချမ်းချမ်းနေရစ်ခဲ့ပါ'
ဂျန်မြောင်းတို့ ဂျောင်မင်က ထွက်လာတော့ ဟယ်နာတို့ကလည်း သူတို့ကားနဲ့သူတို့ ပြန်သွားကြသည်၊၊
YOU ARE READING
ချစ်ကြွေးရယ်ပြေစေ...❣️〚𝕋ℍ𝔼 𝕋𝔸𝕃𝔼 𝕠𝕗 ⌃𝔹⌃〛
Mystery / Thrillerချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙 ချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙