Unicode
"ချစ်ကြွေးရယ်ပြေစေ"
အပိုင်း(၁၁)
🌼 🌼
ဂျောင်မင်တို့တွေ စာသင်ခန်းထဲ ရောက်နေကြချိန် ထယ်ဆော့ တစ်ယောက် မရောက်မလာသေးပေ၊၊ အတော်အတန်ကြာမှ အခန်းထဲကိုရောက်လာသည်၊၊
'ကဲ မောင်မင်းထယ်ဆော့ ဘောင့်မဲ့ကြောင့် ငါကိုယ်တော်ကို လာမကြိုဆိုရတာလဲဆိုတာ လျှောက်ထားစမ်း'
ထယ်ဆော့ လွယ်အိတ်ကို စာရေးခုံပေါ်ကို ပစ်တင်လိုက်ကာ ထိုင်ချလိုက်ပြီး အမောစို့စေတဲ့ ဂျန်မြောင်းကို ထယ်ဆော့မျက်စောင်းထိုးလိုက်သည်၊၊
'မင်းအဖေ ငါ ကားပိတ်နေလို့ဟ'
ထယ်ဆော့လဲ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမပြောစဖူး ဘုကလန့်စကားတွေ ဂျန်မြောင်း လုပ်မှပဲ ပြောမိတော့သည်၊၊
*သွားပါပြီ ငါရဲ့Cool Guy Style ပျက်ပါပြီ😖😖*
'😕'
ဂျန်မြောင်းလဲ ထယ်ဆော့ရဲ့ မဖဲ့မစဖူးဖဲ့လိုက်တဲ့ ထယ်ဆော့စကားကြောင့် မျက်နှာပျက်သွားတော့သည်၊၊
'ကောင်းတယ် အပြောခံလိုက်ရတာ ထယ်ဆော့ကိုမှ သွားစတာကိုး'
ဒုံချောက ကျေနပ်သောမျက်နှာပေးနဲ့ ဂျန်မြောင်းကို အပြစ်တင်လိုက်တယ်
'မင်း ဟယ်နာ့အကြောင်းစုံစမ်းတာ ဘာသိရပြီလဲ'
ဂျောင်မင်က အရေးကြီးတဲ့ကိစ္စကိုသာ ဦးတည်ပြီးမေးတော့ ထယ်ဆော့ကလဲ သူသိသမျှ ပြန်ဝေမျှသည်၊၊
အခုတလော ထယ်ဆော့ ဟယ်နာတို့ပတ်သတ်ပြီး စုံစမ်းနေတာဖြစ်သည်၊၊
'ဘာမှတော့ မသိရသေးဘူး ဒါပေမဲ့ ထူးဆန်းတာတစ်ခုတော့ရှိတယ်'
'ဘာထူးဆန်းတာလဲ'
ထယ်ဆော့ရဲ့ စကားကြောင့် ကျန်တဲ့သူတွေပါ ထယ်ဆော့ကို အာရုံစိုက်လာသည်၊၊
YOU ARE READING
ချစ်ကြွေးရယ်ပြေစေ...❣️〚𝙏𝙃𝙀 𝙏𝘼𝙇𝙀 𝙊𝙁 ⌃🅱⌃〛
Misteri / Thrillerချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙 ချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙