Zawgyi:
"ချစ်ကြွေးရယ်ပြေစေ"
အပိုင်း(၁၂)
🌼 🌼
'အော် သား လာလေ သမီး သူက အန်တီ့်ရဲ့သား ဂျန်ဂျောင်မင်တဲ့ သား သူက မင်ဂျီယွန်းတဲ့လေ မနက်ကမှ ဘေးအိမ်ကို ပြောင်းလာတာ'
ဂျောင်မင် သူ့အမေနဲ့အဖေအနားကိုသွားလိုက်ပြီး ဟိုကောင်မလေးကိုသေချာကြည့်လိုက်တော့ ထိုကောင်မလေးက ပန်းဆီရောင်ဂါဝန်အတိုလေးကို ဝတ်ဆင်ထားပြီး ထိုဂါဝန်ပေါ်မှာမှ အဖြူရောင်ကြာပန်းကို လှပစွာတန်ဆာဆင်ထားသည်၊၊
ဂျောင်မင် ထိုကောင်မလေးအား ကြာမြင့်စွာ ငေးကြည့်နေမိသည်၊၊
'ပထမဆုံးတွေ့ဆုံခြင်းပါ တွေ့ရတာဝမ်းသာပါတယ်'
ချိုချိုသာသာလေးပြုံးပြီး မိတ်ဆက်သံကြောင့် ဂျောင်မင်အသိဝင်လာသည်၊၊
သူမကိုတွေ့တော့ မြင်ဖူးသလိုလိုရှိသား၊၊ ဒါပေမဲ့ စိတ်ထင်တာနေမှာပါလေ၊၊ ဘာလို့ဆို ဒီကောင်မလေးကို သူဒါပထမဆုံးတွေ့ဆုံခြင်းပါ၊၊
'ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် အမေ ဒါနဲ့ သူကဘယ်လိုလုပ်သားမွေးနေ့ပွဲကို'
'အမေ ဖိတ်ထားတာလေ သားရဲ့'
ဂျောင်မင်အမေက သူမလက်ကိုဆုတ်ကိုင်ကာပြောလာသည်၊၊
'အမေကလည်း အခုမှသိတဲ့ကို အားနာဖို့ကောင်းလိုက်တာ'
ဂျောင်မင် မနက်ကမှအိမ်ပြောင်းလာပြီး သူ့အိမ်ထဲအထိရောက်နေတဲ့ထိုမိန်းကလေးနဲ့ ထိုမိန်းကလေးကို အိမ်ထဲခေါ်ကာ သူ့မွေးနေ့ပွဲအထိ ဖိတ်ခေါ်တဲ့သူ့အမေကို နားမလည်နိုင်စွာ ကြည့်လိုက်သည်၊၊
'သားကလည်း သမီးလေးဂျီယွန်းက ခင်ဖို့ကောင်းပါတယ် ဖော်ရွေတယ် ကူညီတတ်တယ် အခုမှ ပြောင်းလာတယ်ဆိုပေမဲ့ အမေကတော့ ခင်တွယ်နေပြီ အခုသား သမီးဂျီယွန်းကိုခေါ်သွား မွေးနေ့ပွဲကို'
YOU ARE READING
ချစ်ကြွေးရယ်ပြေစေ...❣️〚𝕋ℍ𝔼 𝕋𝔸𝕃𝔼 𝕠𝕗 ⌃𝔹⌃〛
Mystery / Thrillerချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙 ချစ်ခြင်းတရားတို့ပြန်လည်မွေးဖွားလာခြင်း... DARK FIEND〘Season 3〙