Sector💕14💕

16 1 0
                                    

Unicode:

"ချစ်ကြွေးရယ်ပြေစေ"

အပိုင်း(၁၄)

🌼 🌼

​​'ဂျီယွန်း​ရေ ဂျီယွန်း'

ဂျီယွန်း ​ကျောင်းသွားရန်​ အဆင်​သင့်ပြင်​ပြီး ​အခန်းထဲက​နေ ထွက်​လာကာ ထမင်းစားခန်းသို့ ဝင်​ရန်​ လှမ်းလိုက်​ချိန်​ အပြင်​က ​ခေါ်သံကြားတာ​ကြောင့် ထွက်​ကြည့်လိုက်​​တော့ ဂျန်​​မြောင်းကို ​တွေ့သည်။

'အာ...ဂျန်​​မြောင်း ဘာကိစ္စလဲ'

'​ကျောင်းသွားဖို့ လာ​ခေါ်တာ​လေ'

ဂျန်​​မြောင်း ခြံတံခါးကို အသာတွန်းဖွင့်ဝင်​လာကာ ဆိုသည်။

'​ကျောင်းသွားဖို့က လိုပါ​သေးတယ်​ ဂျီယွန်း ထမင်းစားလိုက်​ဦးမယ်​​နော်​'

ဂျီယွန်း​ပြောကာ ထမင်းစားခန်းကို ဝင်​သွားသည်၊၊ ဂျန်​​မြောင်းကလဲ အထဲကိုဝင်​ကာလိုက်​လာသည်။

ဂျီယွန်း မလုံမလဲပုံစံနဲ့ ဖြည်းဖြည်းချင်း ​လျှောက်​​နေသည်။ ဂျန်​​မြောင်းနဲ့အတူ ထမင်းစားခန်းကို ဝင်​လိုက်​​တော့ ဘယ်​သူကိုမှ မ​တွေ့တာ​ကြောင့် အလုံးကြီး ကျသွား​တော့သည်။

အခုချိန် ဆင်ဆင်ခြင်ခြင်လေးနဲ့ ဘယ်သူမှမသိအောင်နေတာ အကောင်းဆုံးပဲမို့၊၊

ဂျီယွန်း ဂျန်​​မြောင်းကို လှည့်ကာပြုံးပြလိုက်​ပြီး၊၊

'ဂျန်​​မြောင်း အတူဝင်​စားပါလား'

'မစား​တော့ဘူး ဂျီယွန်း စားပြီးပြီ အခုက ဂျီယွန်းကို လာ​ခေါ်တာ'

'ဂျီယွန်းဘာသာသွားလဲဖြစ်​တာကို အလုပ်​ရှုပ်​ခံပြီး လာ​ခေါ်​နေ​သေးတယ်​'

'ဘယ်​ဟုတ်​မလဲ ဂျီယွန်းရဲ့ ဂျီယွန်းက ​ကျောင်းသားသစ်​​လေ ပြီး​တော့ အိမ်​မှာက တစ်​​ယောက်​တည်း​နေတာမဟုတ်​လား'

'တစ်​​ယောက်​တည်း....အာ...ဟုတ်​တယ်​ တစ်​​ယောက်​တည်း​နေတာ'

ချစ်ကြွေးရယ်ပြေစေ...❣️〚𝙏𝙃𝙀 𝙏𝘼𝙇𝙀 𝙊𝙁 ⌃🅱⌃〛Where stories live. Discover now