"အဟမ်း အဲ့ ဒါကဘာလဲဆိုတော့ ကိုယ်ပြောတဲ့စကားကိုနားမထောင်ဘူးဆိုရင် ဘုရား ရှစ်ခိုးရမယ်…!!!"
"ငင့် ဘယ်လိုကြီးတုန်း???"
"အို းးးဒီလောက်လေးကတော့ လုပ်နိူင်ပါတယ် ကုသိုလ်လဲရသေးတယ်ဘယ်လောက်ကောင်းလိုက်တဲ့အပြစ်များလဲနော်???"
နှစ်ကောင်သား အစားအသောက်ကမပျက် ။ အင်း..ဒီလောက်လေးကို လုပ်နိူင်တဲ့ ဆိုတဲ့ကောင်လေးတွေကိုကြည့်ကြသေးတာပေါ့
ကိုရီးယား လူမျိုးတွေရဲ့ ရှစ်ခိုးနည်းကိုသိကြပါတယ်နော်
မတ်တပ်တစ်ခါရပ်။ ပြီးရင် လက်ဖဝါးကို နဖူးမှာယှက်ပြီးဒူးတုပ်ပြီးတစ်ခါပြန်ထိုင်။ အဲ့ဒါပြီးရင် ကြမ်းပြင်နဲ့နဖူးထိ
ပြီး ဝပ် ပြီး ရှစ်ခိုးရသည်လေ။ထိုင်လိုက် ထလိုက်နှင့် ရှစ်ခိုးရသည့်အလုပ်။
"တစ်ခါထဲလုပ်ရမှာ မဟုတ်ဘူးဆိုတာ မမေ့ကြနဲ့နော်…!!!"
ဘုမသိ ဘမသိနှင့် ဆရာ တစ်ယောက်ဖြစ်မှန်းမသိဖြစ်
ခဲ့ရသည့်အထဲမှာ Chanyeolလဲပါနေခဲ့သည်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ကောင်ကို ညဘက်တိုင်း စာပြရသည့်အလုပ်ကို Chanyeolရခဲ့ပါသည်။အလဲ့ …ကလေးတွေသိပ်တော်ကြပါလား သူ့စာသူကျက်နေကြတာ ဟုတ်နေတာပဲ
ချီးမွမ်းမိပါသေးသည်။ စာကျက်နေကြတာ အသံလေးကိုညံနေတာပဲပေါ့အတန်ကြာသည်အထိ နားထောင်မိလေတော့…
မဟုတ်သေးပါဘူး စာကျက်နေတာ ဒီတစ်ကြောင်းကနေမတက်ဘူးပြီးတော့
ဆက်တိုက်ကြီးဆိုနေတာအသက်မှရှုရဲ့လားသေချာနားထောင်ကြည့်လိုက်တော့လည်း ဒီအတိုင်းပင်…
ရှေ့နားတိုးကြည့်မိသည်။မျက်နှာပေါ်စာအုပ်ကြီးအုပ်လျက် ငြိမ်သက်နေပါသောBaekhyun။
စာကျက်သံကတော့ထွက်ပေါ်နေတာပါပဲ
စိတ်ဝင်စားလာပြီ။ အဲ့ဒီမျက်နှာပေါ်ကစာအုပ်ကို လှစ်ခနဲဆွဲယူလိုက်မိလေရာ
...ခလူး …ခလော …ခလူး
အံမယ် ငါးပူတင်းပါးစပ်လေးတောင်ဟနေသေး အိပ်နေလိုက်တာများ…