ဘာကြောင့်မှန်းမသိ။မနာလိုဖြစ်မိသည်။ စိတ်ထဲလဲဘဝင်မကျဖြစ်နေမိသည်။Baek
နှုတ်ဖျားကတခြားသူတစ်ယောက်ကို လှတယ်ချောတယ်လို့ တဖွဖွ
ပြောနေချေတော့ ကြားရတာ စိတ်က တိုချင်လာသည်။
အာ့ဘာကြောင့်မို့ပါလဲ Chenဆီကလဲ အဲ့ဒီိစကားမျိုးကြားနေရပါသော်လည်း Chenနဲ့ပက်သက်ပြီးကျတော့
စိတ်ထဲ ဘာမှမဖြစ်မိ။ Baekနဲ့ကျမှ စိတ်ထဲဘဝင်ကမကျချင်။
တော်သေးတာပေါ့။ တစ်ရက်ထဲနဲ့ ဆေးရုံဆင်းလာရလို့။ဒါတောင် ကိုယ်တော်ချော ကသံယောဇဉ်အမျှင်အတန်းလေးကမပြတ်နိူင်။
နောက်နေ့...Baekကိုကျောင်းမသွားခိုင်းစေဘဲ အိမ်မှာပဲနေစေသည်။Baekကျောင်းမသွား
တော့Chenကလဲမသွားဘူးတဲ့လေ။
"ကဲ …ကိုယ်တော်လေးနှစ်ယောက် ဒီနေ့ ဆိုင်မှာသွားကူပေးမလို့အိမ်မှာအေးအေးဆေး
ဆေးနေခဲ့တော်မူပါ…"
"Nae…!!"
နှစ်ဦးသားခေါင်းလေးကိုယ်စီငြိမ့်ပြတာများ
ငြိမ်ကုတ်လို့ရယ်…ပြီးတာနဲ့…
အဲ့ဒီမှာ အဲ့ဒီမှာ ဇာတ်လမ်းကစချေပြီ။ Baekကစတင်ကာ…
"Chen!!ငါတို့လေနေ့တိုင်းကိုနားကားချက်တဲ့ဟင်းကိုပဲထိုင်စားနေရတာငါတို့ကပြန်ပြီးတစ်
ရက်လောက်ကျွေးရရင် မကောင်းဘူးလား"
"အေး ကောင်းတော့ကောင်းပါတယ် ဒါပေမဲ့ ငါတို့မှမချက်တတ်တာ ဘယ်လိုလုပ်ရမလဲ??"
"ဒါများလွယ်ပါတယ်ကွ ဒါအင်တာနက်ခေတ်
လေအင်တာနတ်ထဲမှာရှာမှာပေါ့လို့!!"
အင် းးးးး Baekကိုဆရာတင်မိလိုက်ပါတယ်။
သူပဲလူတတ်ကြီးစတိုင်နဲ့ အေပရွန်ကကို့ရို့
ကားယားကောက်စွတ်ထားသေးတာ…
"ငါး အစာသွပ်မယ် အိမ်မှာငါး ရှိနေတာပဲ ဒီမှာကြည့်ငါး အစာသွပ်တဲ့ စားချင်စရာလေး"
"အေး …အဲ့ဒါဘယ်လိုလုပ်ရမလဲ??"
အံမယ်...ဆရာကြီးပုံစံနဲ့ ဒီဟာကို ဒီလိုလုပ် ဟိုဟာကိုဟိုလိုလုပ်နဲ့ နောက်ဆုံးတော့ ငါးဗိုက်ကိုခွဲပြီးအစာသွပ်ပြီးစီး အထမြောက်သွားလေသည်။
ဒါပေမဲ့လည်း..
"မဟုတ်သေးပါဘူးငါးဗိုက်က ဟပြဲ ကြီးဖြစ်နေတယ်ဒီပုံထဲမှာ ဒီလိုမဟုတ်ပါဘူး"
