Puppy *13*

2K 198 1
                                        

ဆိုင်ထဲမှာ လူရှင်းတုန်းလေး လူစုံတက်စုံနှင့်ကျားကွက်ထိုးနေကြရင်းဆူညံပွက်နေကြလေသည်။

"Baekhyun မင်းရံှုးပြီး ထွက် မင်းထွက်တော့!!"

"Yarr  !! Chen ဆိုလေ အရမ်းညစ်တယ် !!"

Baekhyunက ရံှု့မဲ့ ပြီးအော်ပြောကာနေရာမှထလိုက်သည်။လွတ်သွားတဲ့ Baekhyunရောကို  Kaiကပြန်ဝင်ရင်း ဆူညံနေကြပြန်သည်။

Chanyeolကတော့ပွဲကြည့်ပရိတ်သတ်တစ်ယောက်အနေနှင့် သာကြည့်နေလိုက်သည်။

Baekhyunတစ်ယောက် ရေဆာသလိုလိုရှိလာ
သဖြင့်ဆိုင် နောက်ထဲဝင်လာလိုက်သည်။ ဒီနေရာက Kaiမုန့်လုပ်တဲ့နေရာ..

ဘာပုလင်းတွေမှန်းမသိအစီအရီထောင်ထားတာ
တွေ့တော့စပ်စုတတ်တဲ့ Baekရဲ့ဝါသနာအတိုင်း
ပင် ရေရှိရာသို့တန်းမသွားဘဲ အချိုရည်လိုလိုတွေစီထောင်ထားသည့် ပုလင်းတွေနားသို့ လျှေက်လာခဲ့မိသည်။

"ဒါက ဘာပါလိမ့် !!"

အကြည်ရောင်ခွက်လှလှလေးထဲမှာ အပြာရောင်
အရည်လေးတွေကို ထည့်ထားတာတွေ့တော့စိတ်
ဝင်တစားဖြစ်သွားသည်။ ခွက်လေးကို ကိုင်ပြီးအနံ့လေးကိုမွှေးကြည့်လိုက်တော့ ချိုအီအီလေး
ရယ်..

ဒါနဲ့ပဲ Baekhyunတစ်ခွက်မော့ကြည့်လိုက်သည်။

ငင့်...ဘာလား ><

လူက ချက်ချင်းကိုရိပ်တိတ်တိတ်ဖြစ်သွားတာပါလားထူးဆန်းလိုက်တာ ဒီအချိုရည်က..ငါပဲ အားနည်းနေလို့မူးဝေသွားခြင်းလား??

ပါးစပ် ထဲ ချိုသလိုလို ခပ်ရှရှလေး နောက်တစ်
ခွက်လောက်သောက်ဦးမှ..

ဒုတိယတစ်ခွက် သောက်မိလိုက်တော့ ခြေ
ထောက်တွေကမခိုင်ချင်တော့သလိုလို..ဒါနဲ့ပဲ အနီးအနားရှိ ခုံပေါ်မှာဝင်ထိုင် လိုက်ရသည်။

ကိုယ့်ကိုကိုယ်တောင် ဘာဖြစ်နေမှန်းမသိဘဲ တတိယတစ်ခွက်သောက်မိလိုက်သည့် အချိန်မှာ
တော့ ခေါင်းကမနိူင်တော့ဘဲ စားပွဲဝိုင်းလေးပေါ် ဒေါက်ခနဲ ထိုးကျသွားတော့သည်။

"Baekhyun ရေသွားသောက်တာကြာလှချည်
လား??"

ကြာတော့လည်း Chanyeolသတိထားမိကာ
နောက်ဖေးထဲလိုက်ဝင်လာခဲ့လိုက်သည်။

ကိုကိုကားနှင့်Puppyငယ်(Complete)(Unicode )Where stories live. Discover now