Suhoကတော့ပြောပါတယ် နောက်တစ်ပတ်အ
တွင်းသူပြန်လာမယ်တဲ့။
ပြန်မလာခင် အတောအတွင်းမှာဖွင့်ပြောထား
ရင်ပြောထား မပြောလို့ရှိရင်Chanyeolဆိုင်
ဖွင့်ဖို့အတွက် အရင်းအနှီးထုတ်ပေးမယ်ဆိုတဲ့ ကတိကိုဖျက်မယ်ဆိုပဲ။
အတင်းကိုပဲသူ့ညီ ကို Chanyeolလက်ထဲထိုး
ထည့်ချင်နေတာ ငါ့လက်ကလွှတ် ဗြွတ် ...ဆိုတဲ့
အစ်ကိုမျိုးပေပဲ …..
Chanyeolတစ်ယောက် တိတ်ဆိတ်ငြိမ်သက်နေသောရေကူးကန် နံဘေးမှာစိတ်အေး လက်အေး
သီချင်းညည်းနေလေသည်။
အရင်က စိတ်ကူးသမျှအရာ မထင်ခဲ့သော စာ
ရွက်တွေခုတော့လဲ ဖြစ်ဖြစ်မြောက်မြောက်
သီချင်းစာသားလေးတွေဖြစ်လို့လာခဲ့ပြီ။
ဒါဟာ တစ်စုံတစ်ယောက်သောသူကြောင့်ဆိုတာ
သေချာပါတယ်။အဲ့ဒီတစ်စုံတစ်ယောက်သော သူကလဲBaekhyunသာဖြစ်ပေလိမ့်မည်။
"မင်း နဲ့..တွေ့ မှရင်ခုန်သံတွေ အသက်ဝင်လာခဲ့
ပြီ...မင်းဟာ ငါ့ဘဝ ရဲ့ အချစ်ရဆုံးသော လူသားတစ်ဦးပါကွာ....
ချစ်ဖို့ကောင်းသော မင်းရဲ့ အသံ ...ဖြူစင်တဲ့
အပြုံးလေးများ....ကလေးဆန်သောရယ်သံ
တစ်ချို့..
နွေးထွေးလှသော မင်းနှုတ်ခမ်းလေးများ..ငါလေ ပိုင်ဆိုင်ချင်မိ....
မင်းပြောပါကွာ ငါဟာ မင်းရဲ့ ရင်ခုန်ဘက် လေးဖြစ်နိူင်မလား...??
မင်း ပြောပါကွာ...ငါဟာ မင်းရဲ့ ရင်ခုန်သံ
ကို နားထောင်ခွင့်ရနိူင်မလား...??
မင်းရဲ့ အပြုအမူ အောက်မှာ ငါဟာ ကျရံှုးခဲ့
ပြီလေရုန်းဖို့ခက်တဲ့ မင်း ရဲ့ အပြုံးလေးတွေက ငါ့ကို သိမ်းပိုက်ခဲ့ပြီလေ...
ဘယ်အချိန်မှများ ဖွင့်ပြောခွင့်ရမှာလဲကွာ..
ကျေးဇူးပြူပြီး ငြိမ်ငြိမ်လေး နားထောင်ပေးပါ..
ရင်ဘက်ထဲက အလိုလို ပွင့်ထွက်လာတဲ့..ဒီစကားလေးတစ်ခွန်းက အစစ်အမှန်ပါပဲ...ကိုယ်မင်းကို ချစ်တယ်...ကိုယ်မင်းကို အရမ်းပဲချစ်လို့နေ
တယ်..
...ချစ်စနိုးလေးနဲ့ နာမည်လေး ပေးပါရစေ မင်းဟာကိုယ့်အတွက် ချစ်ဖို့အကောင်းဆုံးသူမို့..မင်းဟာ ကိုယ့်ရဲ့ puppyလေး...မင်းဟာကိုယ်ပိုင်တဲ့ puppyလေး......"
စည်းချက်မှန်မှန်လှုပ်ရှားနေတဲ့ လက်ကွက်တွေနဲ့ ဩရှရှ အသံက တကယ့်ကိုဆွဲဆောင်မူရှိနေသည်။
