...တွီ...ဒင် ...ဒင်..ဒေါင် ...တျောင်
...အင် ဟုတ်တယ် ဒီအသံပဲ
ဘာရယ်မဟုတ် ။ chanyeolတစ်ယောက်ဂစ်တာကြိုးညှိနေလေ
ခြင်း ။
နားထောင်သူအဖို့တော့နားထဲဓားနဲ့တက်ခြစ်နေသလိုတကျစ်ကျစ်နဲ့ ဖြစ်နေမှာပေမယ့် သူကတော့ဘာအသံကိုဘယ်လိုသဘောကျပြီး ကျေနပ်နေသည် မသိ။
...ဒင်....ဒီ ...ဒစ် ...ဒစ်
...အင် ဒါတော့ သိပ်မဟုတ်သေးဘူး
ညှိပြန်သည်။
...ဂျလွိ..ဂျစ် ..ဂျစ်..
...ဟာ သိပ်မိုက်တဲ့အသံပဲ
ဝမ်းသာလေစွ..ဂုဏ်ယူလေစွ ကြားကြား မကြားဖူးပေါင်……><
ဂစ်တာကထွက်တဲ့အသံမှှ ဟုတ်ပါလေစွ။ကြောင်လက်သဲနဲ့ နံရံကိုကုတ်ခြစ်နေသလားအောက်မေ့ရတယ်။
ကြားရသူအဖို့ သွားကျိန်းစရာ ဂျလွိ ဂျလွိ အသံ
…………
ဒါကလည်းသူ့ ဝါသနာပေပဲ။ အချိန်ရရင် ဂစ်တာတစ်လုံးနဲ့အလုပ်တွေရှုပ်နေမယ်။ စာရွက်ပေါ်မှာဟိုခြစ်ဒီခြစ်တွေလျှောက်ခြစ်မယ်။စိတ်တိုင်းမကျရင် ဖြဲဆုပ်ပစ်မယ်။
ဒါနဲ့ပဲ ဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ စာမျက်နှာတွေကဟိုတစ်ရွက် ဒီတစ်ရွက်ဝဲလွှင့်နေလေတာ။
စာရွက်ဖိုးတွေသာစုထားရင်ဒီအချိန်တိုက်
တစ််လုံးလောက်ကောင်းကောင်းဆောက်နေရ
လောက်ပြီ။
အလုပ်လားအင်...လုပ်တယ်ပဲဆိုပါတော့။
မလုပ်ဘူးလဲပြောလို့ရပါတယ်။ အဖေဖြစ်သူရဲ့ လုပ်ငန်းတွေကိုတစ်ခါတစ်လေဝင်ရောက
်လုပ်ကိုင်ပေးတာက အလုပ်လုပ်တယ်ပေါ့။
အလုပ်မလုပ်ဘူးဆိုတာကကိုယ်ပိုင်ဝင်ငွေမရှိ
သေးတာကိုဆိုလိုတာပါ။ chanyeolက music နဲ့ပက်သက်လာရင် သိပ်စိတ်ဝင်စားတာလေ။
ဒါကြောင့်musicနဲ့ပက်သက်တဲ့instrument
လေးတွေရောင်းတဲ့ကိုယ်ပိုင်ဆိုင်လေးတစ်
ဆိုင်ဖွင့်ချင်တာရယ်အဓိက ကတော့ဂစ်တာပေါ့။ ဒါပေမဲ့ အဖေနဲ့ အမေကသဘောမတူဘူးလေ။ ဟေးလားဟားလားအလုပ်တဲ့။
ဖွင့်ချင်ရင် ကိုယ့်အရင်းနှီးနဲ့ကိုယ်ဖွင့်တဲ့။ ဒါနဲ့ပဲ ခုထိယောင်ချာချာဖြစ်နေတုန်း...
