ဆိုင်ထဲကိုဒေါကြီးမောကြီးနှင့် ဝင်လာကာ ဝယ်လာသောပစ္စည်းကို စားပွဲပေါ်ပစ်တင်လိုက်လေသောkaiကို
အားလုံးက နားမလည်နိူင်စွာမော့ကြည့်နေမိကြသည်။
kai ပုံစံကတော်တော် ဒေါသထွက်နေပုံရတာကြောင့်
ဘယ်သူကမှ လေသံလေးတောင် မထွက်ရဲကြ။
" ဒါ ငါ့ကိုသက်သက်မဲ့စော်ကားတာ ဒါဖြစ်သင့်လို့လားမင်းတို့စဉ်းစားကြည့်ကြစမ်း"
"ဘာ… ဘာကိုစဉ်းစားရမှာလဲဟင်??"
ဟုတ်တယ်လေ …သူ့ဟာ ဘာကိုစဉ်းစားခိုင်း
လို့စဉ်းစားခိုင်းနေမှန်းမသိ…ဗလိုင်းကြီးလာစဉ်း
စားခိုင်းနေတယ်…
Chenရဲ့ မရဲတရဲ အမေးလေးကို Kaiက အံကြိတ်ကာ
"ဆိုင်အတွက် ကော်ဖီစေ့တွေထည့်ဖို့ ဗူးသွားဝယ်တာ"
"အင်း…အာ့ ငါတို့သိတယ်လေ မင်းပဲ ဗူး ဝယ်မယ်ဆိုပြီးထွက်သွားတာကို !!"
"အေးလေ ငါက ပြောတာ အဲ့ဒီဆိုင်က အစ်မ ကို
အစ်မလို့ ဒီပုံစံ ဗူးငါးဗူး ပေးပါဆိုတော့ ဘာအရောင်ယူမှာလဲတဲ့…!!"
"omm… အဲ့တော့!!"
"အဲ့တော့ ငါက အသားရောင် လို့ပြောလိုက်တာ"
"Innလေခါတိုင်းဆိုင်မှာသုံးနေတဲ့ဗူးတွေက
လည်းအသားအရောင်တွေပဲ!!"
kyung Sooက ထောက်ခံပြောလေးဝင်ပြောတော့ ဟို
က မဆီမဆိုင် ဒေါသတွေပိုထွက်လာသည်။
"အဲ့ဒါငါ့ကို အသားရောင် မထုတ်ပေးဘဲနဲ့ အနက်ရောင်ထုတ်ပေးတယ်ကွာ အာ့နဲ့ငါက အစ်မကျွန်တော်ပြောတာ
အသားရောင်နော် အနက်ရောင်မဟုတ်ဘူးလို့"
"အွန်း"
"အဲ့တော့သူက ပြောတယ် အင်းလေ အသားရောင်လေတဲ့ ငါကလဲ ဒါအသားရောင်မှ မဟုတ်တာလို့ပြောတော့ဘာပြန်ပြောတယ
်မှတ်လဲ"
"အေး ဘာပြန်ပြောလဲ ပြောစမ်း!!"
"ရှင့်အသားရောင်ကိုပြောတာမဟုတ်ဘူးလားတဲ့ကျွန်မကရှင့်အသားရေအရောင်ကိုပြော
တယ်မှတ်လို့ရှင့် အသားအရောင်တိုင်း ထုတ်ပေးတာလေတဲ့ အာ့ကြောင့်ငါ ဒေါသတွေထွက်လာတာ…!!"
အားလုံးဝေါခနဲထရယ်ကြတော့ kai ခမျာ ငိုအားထက်ရယ်အားသန်တွေဖြစ်ကုန်သည်။
