ိ
"Baekမင်းကိုယ့်နားကထွက်သွားပေးပါ
ရုတ်တရက်ကြီးထအော်ခံလိုက်ရ၍ Baekတစ်ယောက်မျက်လုံးလေးကလယ် ကလယ်နှင့် ဘာလုပ်ရမှန်းမသိ။
Chanyeolကိုမော့ကြည့်နေမိပြီး ဘာလို့အော်တာမှန်းလဲမသိ။
"ကျွန်တော် ဘာလုပ်မိလို့လဲ??"
"ဘာမှမလုပ်မိပါဘူး ခဏလောက် ကိုယ့်ရှေ့က ထွက်သွားပေးပါ ကြာရင် ကိုယ်..."
ငါ စိတ်ထိန်းနိူင်မှာမဟုတ်ဘူး ဆိုတဲ့စကားကိုပြောလို့
မထွက် မရေရာတဲ့စိတ်ကိုသေချာအောင် ဆန်းစစ်ချင်သေးသည်။
Baekကိုချစ်နေမိတာလားဆိုတာ ကိုယ်တိုင်လဲသေချာမသိ။
ဒါပေမဲ့ ရှေ့မှာBaekကိုမမြင်ချင်တာမဟုတ် ။ ကြာရင်တစ်ခုခုထလုပ်မိတော့မှာကိုယ့်စိတ
်ကိုယ်သိနေလေတယ်။
"ကျွန်တော်လဲ ဘာမှမလုပ်မိဘဲနဲ့ အလကားနေလာအော်နေတယ်အကျင့်ပုတ်
ကြီးHyungနဲ့ တိုင်ပြောမယ်ခင်ဗျားကြီးကို!!"
ပွစိ ပွစိပြောဆိုပြီး ဂစ်တာကိုချပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ထွက်သွားသော
Baekကိုကြည့်ကာရင်ထဲဟာတာတာဖြစ်ကျန်ခဲ့
ပြန်သည်။
ရင်ထဲက ကိစ္စကိုတိုင်ပင်ဖို့ Suhoကို Chanyeolကပဲစလို့ဖုန်းခေါ်လိုက်မိသည်။
" Suho မင်းအဆင်ပြေရဲ့လား??"
"အေး မင်းရော ငါ့ညီတွေနဲ့ အဆင်ပြေရဲ့လား ငါလဲဒီလကုန်ရင်ပြန်လာတော့မလားလို့"
"ဟမ် ပြန်လာတော့မယ် ဟုတ်လား?? မင်းကလဲမြန်တာကွာ!!"
"အေး ငါကတော့ တစ်နှစ်လောက်ကြာနေပြီကိုထင်တာကွ"
Suhoက ဆွေးဆွေးမြေ့မြေ့ပြောနေပေမယ့် Chanyeolမှာတော့ပြန်မလာလေကောင်းလေဟုကိုတွေးနေမိသည်။
"Suho!!"
"အေး ပြောဘာလဲ??"
"ငါလေမင်းကိုတစ်ခုတိုင်ပင်စရာရှိတယ်အဲ့ဒါက..!!!
".ပြော ဘာလဲ???"
"ဟွာလေငါ…ငါလူတစ်ယောက်ကိုချစ်နေမိပြီထင်တယ်¡¡"
"ဟေ><"
"သူ့ကိုမြင်ရင် လေ ငါရင်တွေထိန်းမရအောင် ခုန် ခုန်လာတယ် ပြီးတော့ သူ့ကို ငါပိုင်ဆိုင်ချင်စိတ်တွေဖြစ်နေ
တယ်သိလား အဲ့ဒါက အချစ်လားဟင်??"
"အင်း းးးသေချာတယ် အဲ့ဒါ အချစ်ပဲ မင်းသူ့ကိုချစ်နေတာ သေချာပြီ"
"ဟုတ်လား ငါ သူ့ကိုချစ်နေမိပြီပေါ့"
"အေးဒါနဲ့နေပါဦး မင်းရင်ခုန်နေမိတဲ့သူက ဘယ်သူလဲငါရော သိလား??"
"Byun Baekhyunတဲ့~~"
"Baekhyunဟုတ်လား ငါရင်းရင်းနှီးနှီး ကြားဖူးနေပါတယ် ဒီနာမည်ကို…!!'
"လခွီး းးးကြားဖူးမှာပေါ့ အဲ့ဒါမင်းညီ အငယ်ကောင်ကွ!!"
"ဪ အေးဟုတ်လား😮😮ဟမ် ဘာ ဘာကွ"
ဘုရား သိကြား မတော်မူပါ..
ပြောမိတာမှားပြီထင်ပါတယ်..
Chanyeolတစ်ယောက် ဖုန်းပဲချပစ်ရတော့မလား
ဆက်ပဲကိုင်ထားရမလားမသိ ။
မပြောနိူင် Suho တို့က စိတ်တိုရင် မျက်နှာပေါ်ခရမ်းချည်သီးခင်းကြီး
တက်စိုက်ထားသလို နီရဲလာတတ်တာ။
ပြီးရင် အံကတကြိတ်ကြိတ်ရယ်
"မင်း ဟုတ်ရောဟုတ်လို့လား တကယ်သေချာလို့လား
မင်းကွာ ချစ်စရာရှားလို့ ယောကျၤားအချင်းချင်း"
"မသိဘူးကွာအချစ်မှာမျက်စိမပါဘူးဆိုတဲ့စကားကသိပ်မှန်တာပဲ အချစ်က အထီးအမ ခွဲထားလို့လား ??'
"ဒါပေမဲ့ကွာ ငါ့ညီအကြောင်းငါသိတယ်မင်း မဖြစ်နိုင်ဘူးထင်ပါတယ်😟😟"
"Suho ငါ ဘာဆက်လုပ်ရမလဲ ငါအကောင်းပြောနေတာ ငါBaekကိုချစ်နေမိပြီ"
"မင်း တကယ်ကြီးလားကွာ ငါ့စိတ်ထဲယုံတစ်ဝက်မယုံ
တစ်ဝက် နဲ့. နားရှိလို့တာ ကြားရတယ်"
"သေချာတယ် ငါBaekကိုအရမ်းချစ်တယ်!!"
".မင်းသာ သေချာတယ်ဆိုရင် ဆွဲလိုက်တော့သယ်ရင်း
ငါ မျောက်တစ်ကောင် ထိန်းရသက်သာသွားတာပေါ့"
"ဟျောင့် မင်းBaekကိုမျောက်လို့ မပြော နဲ့ ငါမကြိုက်ဘူးBaekကငါ့အတွက်ချစ်စရာ
ကောင်းတဲ့puppyလေး😠😠"
"အံမယ် ခုမှနာတတ်နေတယ် အဲ့လောက်ချစ်နေရင်ခေါ်သွား ငါတကယ်ပြောတာ"
Suho ဆီကခွင့်ပြုချက်ရတာနဲ့ ဘာလို့မှန်းမသိ Chanyeolတစ်ယောက် ပျော်လွန်းလို့ လူကမြောက်ကြွမြောက်ကြွဖြစ်နေချေပြီ။
_________________Puppy____________
Cute
#TBC
(23.5.2018)
7:42AM
တစ်ပိုင်းပြီးတာကလဲတန်းလန်းကြီး…
