"ဝှား းးးးး!!!"
"အိပ်ရေးမဝလိုက်တာကွာ.…!!"
နှစ်ယောက်သား ပျင်းရိလေးတွဲစွာ စောင်ကို အချိုးမပြေခေါက်နေကြသည်။
အရင်ကဆို အိပ်ရာထပြီဆိုတာနဲ့ ရေချိုးခန်းထဲတန်းဝင်တာပင်။ ရေချိုးပြီးပြန်ထွက်လာလို့ရှိရင်လည်း ကျောင်း
သွားဖို့ပြင်ဆင်ပြီးတာနှင့် နောက်ကအိပ်ရာကို ပြန်လှည့်မကြည့်တတ်ခဲ့ကြ။ဒါပေမဲ့လည်းအိပ်ရာသိမ်းပေးမယ့်Hyungကအဆင်သင့်ရှိနေတတ်သည်။ Hyungကပွစိပွစိသာပြောမည်။
တစ်ခါတစ်လေများဆိုမျက်နှာသစ်သွား
တိုက်တာကအစသူကိုယ်တိုင်လုပ်ပေးလိုက်သူ
ဖြစ်သည်။ ကလေးငယ်တွေကို ပြူစုစောင့်ရှောက်ရသလို Hyung မှာသူ့
ခြေသူ့လက်နှင့်အားလုံးကိုလုပ်ကိုင်ပေးသူ
ဖြစ်သည်။"Baek…"
"ဟင်…"
"ဘာဖြစ်နေတာလဲ…??ငူငူငိုင်ငိုင်နဲ့ !!"
ခေါက်လက်စစောင်ကြီး ကိုင်ပြီး ဘာစကားမှ
မပြော လဒမှိုင် မှိုင်နေတဲ့ BaekhyunကိုChen
က မေးရှာသည်။."Hyungကိုသတိရလို့ Hyungသာရှိရင် အခုလိုမျိုးစောင်လည်း ခေါက်ရမှာမဟုတ်ဘူး အိပ်ရာလည်းသိမ်းစရာလိုမှာမဟုတ်ဘူး …"
."အေးကွ Hyung ကို လွမ်း လိုက်တာကွာ…!!"
နှစ်ကောင်သား မျက်ရည်လေးများစမ်းတမ်း စမ်းတမ်းဖြစ်လို့နေကြသည်။
"ကိုယ်တော်လေးတွေ ထမင်းစားကြမယ်!!"
Chanyeolအသံကြားတော့မှ နှစ်ကောင်သား ပျာပျာသလဲအိပ်ရာသိမ်းခြင်းကိုအပြီးသတ်
လိုက်ရသည်။မဖြစ်ဘူးနောက်ကျတယ်ဆိုရင်ဘုရားရှစ်ခိုးနေရဦးမယ်။
ဘုရားရှစ်ခိုးတာကလည်းလွယ်တဲ့အလုပ်မ
ဟုတ်။ရှစ်ခိုးတိုင်းသာ ချမ်းသာမယ်ဆိုရင် ဒီညီ
အစ်ကိုနှစ်ယောက် ကမ်ဘာတစ်လုံး လုံးကို
တောင်ဝယ်နိူင်လောက်ပြီထင်…ထမင်းဝိုင်းမှာ အဆင်သင့်ထိုင်စောင့်နေသည့် Chanyeolကိုတွေ့ရသည်။Chenနှင
့်Baekhyunဘာစကားမှမဆိုဘဲ တည်တည်ငြိမ်ငြိမ်နှင့်ဝင်ထိုင်လေ
တော့ Chanyeol စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်
ရသည်။