' ရတုရှင်းဒီပါ..'
ဒီနာမည်လေးလှလိုက်တာဆိုပြီး တစ်ချက်အသိအမှတ်ပြုဖူးတယ်..
ရတီအတွက်အရာရာအဆင်သင့်ဖြစ်နေတဲ့အခါ ' သြ.. ဒီကောင်လေးကရတီဆိုတဲ့ကလေးမအတွက် လူဖြစ်လာတာလား ' ဆိုပြီး မချင့်မရဲဖြစ်ဖူးတယ်..
ကြည်နူးအပေါ်အနိုင်ကျင့်တာတွေရှိလာတဲ့အခါ အကျင့်မကောင်းလိုက်တာဆိုပြီး ကြည့်မရဖြစ်ဖူးတယ်..
မင်းမြတ်အပေါ်ရက်စက်တယ်လို့ ထင်ခဲ့ဖူးတယ်..ဂျစ်ကန်ကန်ကောင်လေး ၊ ငွေနဲ့အရာရာကိုင်ပေါက်တဲ့သူ ဘ၀င်လို့ မြင်ခဲ့ဖူးတယ်..
မင်းမြတ်အတွက် ကြည်နူးကိုရှိစေချင်ခဲ့တယ်..
မိသားစုနဲ့ ပတ်သက်ပြီး ရတုဘာတွေခံစားနေရလဲ ကျွန်တော်စိတ်မ၀င်စားခဲ့ဘူး..လျစ်လျူရှုခဲ့တယ်..မင်းမြတ်ကိုသဘောကျနေတဲ့ ရတီကြောင့် ခင်ဗျားတစ်ယောက်ခံစားနေရရင်တကယ်ကိုအားမရခဲ့ဘူး..
ပိုပြီးကြည့်မရဖြစ်လာတယ် ခင်ဗျားဆိုတဲ့ ရတုရှင်းဒီပါကို..ခင်ဗျားရဲ့ခံစားချက်တွေကို မသိချင်ခဲ့ဘူး..ခင်ဗျားကိုအရှုပ်ထုတ်ဆိုပြီးသာအမြင်ကပ်ခဲ့တယ်..
ရတုမျက်ရည်ကျတာလည်း အဲ့ဒီအချိန်တွေမှာတော့ ဘယ်လိုမှမခံစားရဘူးတကယ်..
မင်းမြတ်ကိုသနားပြီး ရတုကိုမုန်းသလိုလိုဖြစ်ခဲ့တာလည်း အမှန်.. မင်းမြတ်ခံစားခဲ့ရသလို ရတုကိုပြန်ခံစားစေချင်တာ သေချာမှု..
ဆက်ပြောဦးမယ်...ရတုခံလိုက်ရတဲ့အကွက်တွေမှာလည်း ကိုယ်ဟာရတုကိုမမြင်ဘဲ ကိုယ့်ကလေးတွေပျော်ရွှင်မှုသာဦးစားပေးပြီး ကျေနပ်ခဲ့သူ..
ကျွန်တော်ကလေ ရတုချစ်တဲ့သူတိုင်းက မင်းမြတ်ကိုသဘောကျတယ် မင်းမြတ်ကိုချစ်တယ်ဆိုတဲ့ မင်းမြတ်ရဲ့အားသာချက်ကိုတော့မသိချင်ယောင်ဆောင်ပြီး မင်းမြတ်ရဲ့အချစ်တွေကို လျစ်လျူရှုပြီး မင်းမြတ်အပေါ်ရက်စက်ခဲ့တာကိုသာ တမြေ့မြေ့တွေးပြီး မင်းမြတ်ကိုသနားပြီး ရတုကိုမုန်းနေတာ..
ရတုရ.. ကျွန်တော်ကသိပ်ကိုညံ့ဖျင်းတယ်.. ကိုယ့်ရင်ထဲဘယ်သူရှိနေလဲဆိုတာကိုတောင် မရိပ်မိခဲ့သူ..ကိုယ့်ကိုယ်ကို တကယ်ကိုစိတ်ပျက်ရပါတယ်..ကျွန်တော်မကောင်းခဲ့ဘူး ရတုအပေါ်..ကျွန်တော်က ခင်ဗျားကိုချစ်တယ်လို့ပြောရင်လည်း ရယ်စရာကောင်းတဲ့ဟာသတစ်ခုဖြစ်နေမှာ..အပြောင်မြောက်ဆုံးပြက်လုံးတစ်ခုဖြစ်နေတဲ့ စကားဖြစ်နေမလား!!
ရတုရေ ကျွန်တော့်လိုလူအတွက်ဖြေဆေးမရှိဘူး..ရင်ဘတ်ထဲမှာတဆစ်ဆစ်နဲ့ ဒဏ်ရာကတဖြည်းဖြည်းနက်လာတယ်..ဖန်တီးသူက ကိုယ်တိုင်ဖြစ်နေတော့ ကျွန်တော့်မှာသာအပြစ်ရှိတာ..ကျွန်တော်ဟာလေ သောက်သုံးမကျတဲ့သူ..ကိုယ့်ရင်ဘတ်ထဲကိုတောင်မြင်အောင်မကြည့်နိုင်ခဲ့တာ..ကိုယ်ချစ်တဲ့သူနာကျင်တာကို အရသာခံထိုင်ကြည့်ချင်တဲ့အထိ ရက်စက်တဲ့အတွေးတွေဝင်ခဲ့တာ..
ဘယ်လိုတွေးမိမှာလဲ ဒီလောက်ကြည့်မရခဲ့တဲ့ လူသားတစ်ယောက်ကို နင့်နေအောင်ချစ်သွားမိလိမ့်မယ်လို့
...................................
.................................................... ။
YOU ARE READING
ချစ်သော... Yatu Shin Depar
Randomချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။