မြေပြင်ပေါ်မှာရှင်သန်ရပ်တည်နေတဲ့လူတစ်ယောက်က အတိုင်းအဆမဲ့ဝေးကွာလွန်းတဲ့ တခြားသော တိမ်စိုင်တစ်ခုလို အရပ်ဒေသတစ်ခုမှာဖြစ်တည်တဲ့ လူတစ်ယောက်ကိုချစ်တာမှားယွင်းနေမလား??
ကျွန်တော့်ချစ်ခြင်းတရားတွေမှာ ခင်ဗျားမနာကျင်မထိခိုက်စေဖို့, နေ့ရက်တွေတိုင်းမှာ ကျန်းမာနေစေဖို့နဲ့ ပျော်ရွင်စေဖို့ ဆိုတဲ့အကြောင်းတရားတွေသာ အပ်ကြောင်းထပ်နေဆဲပါ ...
ပိုင်ဆိုင်လိုစိတ်အလျဉ်းမရှိ
အရောင်တွေဗလာကျင်း
ဟိုးအဝေးကလရောင်ကိုငေးနေရခြင်းမှာ ပျော်မွေ့နေရုံသက်သက်သာ ။
သို့သော်ငြား .............
မဖော်ပြတတ်တဲ့မြတ်နိုးခြင်းတွေကတော့ ရင်နဲ့အပြည့်ပဲရတု ။
နာမည်ကြားရုံနဲ့ ရင်ထဲလှိုက်ဖိုအောင်လည်း ခင်ဗျားကတတ်နိုင်သေးပြန်တယ်
ခင်ဗျားတစ်ယောက်အကြောင်း အတင်းစကားဆိုမလား! ဆိုတဲ့ သိလိုစိတ်နဲ့ အထိတ်ထိတ်အလန့်လန့် တုန်လှုပ်ခဲ့ရဖူးတယ် ...
ကောင်းချီးပေးသံလေးများကြားရင် ခင်ဗျားဘယ်တော့မှသိမြင်မှာမဟုတ်တဲ့ ကျေနပ်ပြုံးတွေဟာ ကျွန်တော့်မျက်နှာပေါ်မှာ ဖြစ်တည်တယ် ...
ခင်ဗျားဆီပစ်လွှတ်လာမယ့်အဆိပ်မြှားတွေကို ရှေ့ကနေကာဆီထားချင်တဲ့စိတ်
နာကျင်စရာတွေရှိလာရင် ကိုယ်တိုင်သာခံစားလို့
ခင်ဗျားတစ်ယောက်ကိုတော့ မသိမမြင်စေချင်တဲ့စိတ်နဲ့
အစဉ်အမြဲပျော်နေစေချင်တဲ့သူဟာ ဒီလူပါ...( ကျွန်တော့်ပျော်ရွှင်ခြင်းတွေရဲ့ မြစ်ဖျားခံရာက ခင်ဗျားရဲ့အပြုံးတွေ )
ကံကောင်းခြင်းတွေလက်ခံရရှိပါစေ ...
နေ့ရက်တွေတိုင်းမှာပျော်ရွှင်ပါစေ ...
တောက်ပတဲ့အပြုံးတွေ နှုတ်ခမ်းထက်ခိုတွဲနေပါစေပေါ့...
ဘယ်အချိန်ဘယ်လိုပုံစံ ဘယ်လိုနည်းနဲ့ ကျွန်တော့်ရင်ထဲ ခင်ဗျားရောက်လာတယ်မသိပေမယ့်
ခင်ဗျားကိုရင်ထဲထည့်ထားရခြင်းက ၀ဋ်နာကံနာတစ်မျိုးဆိုရင်တောင်
ကျွန်တော်ဆပ်၍မကုန်ချင်တဲ့ ၀ဋ်နာကံနာက ခင်ဗျားတစ်ယောက်ရယ်သာ...။
မတော်တဆပေါ့ ...
သံသရာတကွေ့ကွေ့မှာဆုံဖြစ်ခဲ့ရင် ဒီဘ၀မှာ ခင်ဗျားကိုဘယ်လောက်ချစ်ခဲ့ကြောင်း , ကျွန်တော့်ရူးသွပ်မှုတွေကို ခင်ဗျားနားငြီးအောင်ပြောပြချင်သေးတာ...( ဘဝကြီးက ခင်ဗျားကြောင့်နဲ့ ရှင်သန်ရခြင်းတွေအဓိပ္ပာယ်ရှိလာခဲ့ပြန်တယ် )
#SyWy (310318 - 01:15PM)

ESTÁS LEYENDO
ချစ်သော... Yatu Shin Depar
De Todoချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။