ရတုရှင်းဒီပါ..
ခင်များရဲ့တည်ရှိရာကိုသိဖို့အတွက်
ကျွန်တော် ဘယ်စာမျက်နှာကို ဖတ်ရမလဲ ?
Crd _ KhonNyoThwayဇာတ်လမ်းရဲ့အစမှာတော့ ကျွန်တော်က
ခင်ဗျားရှိရာအရပ်ကို ဦးတည်ပြီးမျက်နှာမူခဲ့တာမဟုတ်ဘူး..
Main Cast ကိုစဖတ်တော့ Yatu Shin DePar ဆိုတဲ့နာမည်ကို မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တာ မငြင်းပေမယ့် Ep-1 မှာတည်းက ခင်ဗျားကိုချဉ်တာ.. ခင်ဗျားရဲ့အထက်စီးဆန်မှုတွေ မျက်မုန်းကျိုးပေမယ့် ကျွန်တော့် Idea Type က ခင်ဗျားလိုဂျစ်တစ်တစ်ပုံစံမို့ ကျွန်တော့်သိစိတ်နဲ့ မသိစိတ်တွေကလွန်ဆွဲ.. ခင်ဗျားကိုကြည့်မရဘူးအော်နေတဲ့ကျွန်တော် ရင်ဘတ်ကြီးထဲ ခင်ဗျားတစ်ယောက် ဝင်ရောက်မှန်းမသိဝင်ရောက်လာတာကိုတော့ လက်မခံချင်ဘဲလက်ခံလာရတယ်..." ချစ်တယ်ရတု "
အရိုးသားဆုံးဖွင့်ဟပါရစေ...
ခင်ဗျားက Author @Arr_Sheng စိတ်ကူးပုံဖော်ထားတဲ့ fic ထဲက Char တစ်ခုအဖြစ်သာ, မရှိခြင်းတွေနဲ့ပြည့်နေတဲ့လူသားအဖြစ်သာဆိုပြီး လက်ခံလို့မရခဲ့ဘူး.. Role Player ကိုလည်းသရုပ်ဖော်အသက်သွင်းနေတဲ့ပုံရိပ်ယောင်ဆိုတာတောင်မေ့ပျောက်တဲ့အထိ ကျွန်တော့်ရဲ့ရတုလို့ ထင်မှတ်ခဲ့တယ်.. Rp ကို သရုပ်ဆောင်နေတာလို့တွေးလိုက်ရင် ကျွန်တော့်ရဲ့ခင်ဗျားကိုဘယ်အရပ်ပြေးရှာရမှန်းမသိ ကယောင်ချောက်ခြားနဲ့ ကျွန်တော်ပြိုလဲရတယ်..ခင်ဗျားစိတ်နဲ့ ကျွန်တော်ရှင်သန်တယ်...
ဒီတစ်မိုးအောက်မှာ အတူတူရှိနေတယ်လို့ ကျွန်တော်ယုံကြည်နေပါရစေ.. ဒီကမ္ဘာမှာ ခင်ဗျားမရှိဘူးဆိုတဲ့အတွေးမျိုးဝင်လာတဲ့အခါ ခင်ဗျားရှိရာကမ္ဘာမှာ ဖြစ်တည်ချင်လို့ sucide လုပ်ပစ်ချင်စိတ်တွေပေါက်လာတယ်.. ဒါကြောင့် ကျွန်တော့်ယုံကြည်ရာအတိုင်း သတ်မှတ်ခွင့်ပြုပါ.. ကျွန်တော့်နေ့စဉ်ဘဝတွေမှာ ကျွန်တော့်ရဲ့ရတုပါဝင်ခဲ့တယ်.. ခင်ဗျားက Ge ge ဖန်တီးထားတဲ့ တောင်ပေါ်ဒေသကကောင်လေး.. ဒီတစ်နိုင်ငံတည်းမှာ အတူတူရှင်သန်နေကြတာ တစ်မြေတည်းမှာ တစ်လေတည်းရှူပြီး ရှင်သန်နေကြတာဆိုတဲ့အသိက ကျွန်တော့်ကိုကျေနပ်စေတယ်..
ဆိုပါတော့ ရန်ကုန်မှာရှိနေတဲ့ကျွန်တော်က ပြင်ဦးလွင်မှာ ကျွန်တ်ေချစ်တဲ့ကောင်လေးရှိနေတယ်ဆိုတဲ့အသိနဲ့ ရင်ကိုနွေးစေတယ်.. သောက်ကြီးသောက်ကျယ်နဲ့ ဘဝကြီးက ရှင်သန်ရတာ အဓိပ္ပါယ်ရှိလာသလိုခံစားနေမိတယ်.. အဝေးကြီးကလူကိုလှမ်းမျှော်ကြည့်ရတာပျော်ပါတယ်.. မရှိခြင်းတွေနဲ့ပြည့်နေတဲ့သူဆိုတဲ့ အတွေးမျိုးကသာ ကျွန်တော့်ကိုသတ်တာ.. တစ်ယောက်ယောက်က " နင့်ရဲ့ရတုကတကယ်မှမရှိတာ.. သူက author ရဲ့စိတ်ကူး ဖန်တီးမှုတစ်ခုပဲလေ " လို့ပြောလာရင် အမှောင်တွေထဲကိုပြေးထွက်ချင်တယ်.. ကျွန်တော် အလဲလဲအပြိုပြိုတွေဖြစ်ရတယ်... အဲ့လိုအချိန်တွေ ကျွန်တော်မပျော်ဘူး..

ŞİMDİ OKUDUĞUN
ချစ်သော... Yatu Shin Depar
Rastgeleချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။